ခင်ပွန်းဆိုတာ ဖရင်းမဟုတ်

အဆွေခင်ပွန်းဆိုတာ မိတ်ဆွေကောင်း။ လင်ယောက်ျားကိုလည်း ခင်ပွန်း၊ ခင်ပွန်းသည်၊ ခင်ပွန်းလင်လို့ ခေါ်တယ်။

ခင်ပွန်းကြီးဆယ်ပါး
၁။ ဗုဒ္ဓဘုရား
၂။ ပစ္စေကဗုဒ္ဓါ
၃။ အဂ္ဂသာဝက၊ မဟာသာဝက
၎။ ရဟန္တာများ
၅။ မာတာ ပိတု (မိခင် ဖခင်)
၆။ အာစရိယ ဆရာသမား
၇။ ဝုဒ္ဓါ (သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ဖြင့် ပြည့်စုံသောပုဂ္ဂိုလ်)
၈။ မိမိထက် သိက္ခာအရွယ်ကြီးများသူ
၉။ ဓမ္မကထိကဆရာ
၁၀။ ဟိတကရ (ထမင်းတလုတ် ရေတမှုတ်၊ ကိုယ်နှုတ်နှလုံးဖြင့် ကျေးဇူးပြုဘူးသော ပုဂ္ဂိုလ်များ)

ဗုဒ္ဓဘာသာဝင် မဟုတ်သူများအတွက်လည်း
၁။ မိခင်ဖခင်
၂။ ဆရာသမား
၃။ သီလ၊ သမာဓိ၊ ပညာဂုဏ်တို့ဖြင့် ပြည့်စုံသောပုဂ္ဂိုလ်
၎။ မိမိထက် သိက္ခာအရွယ်ကြီးများသူ
၅။ ထမင်းတလုတ် ရေတမှုတ်၊ ကိုယ်နှုတ်နှလုံးဖြင့် ကျေးဇူးပြုဘူးသော ပုဂ္ဂိုလ်များဟာ အဆွေခင်ပွန်းကောင်းတွေ ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၁-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး