အဖိုးကို စားကြစို့

ကွန်မင့်တခု ရတယ်။ ကျေးဇူး။

သမီးရေ ကြောင်အိမ်ထဲက နင့်အဖေကို ငါးကြော်ယူပြီး ကျွေးလိုက်ပါ။ ပုဒ်စပ်ဝေးခြင်း၊ ပုဒ်စပ်ရှုပ်ထွေးခြင်း၊ ကတ္တားနဲ့ ကြိယာ လွဲမှားခြင်း၊ နာမဝိသေသနမှန်း ကြိယာဝိသေသနမှန်း မကွဲပြားခြင်း၊ ကံဟောမှန်းမသိ၊ ကတ္တားဟောမှန်းမသိ ထင်သလိုရေးခြင်း စတဲ့ သဒ္ဒါရေးရာတွေကို ဂရုမစိုက်မှုတွေကြောင့် မြန်မာနိုင်ငံ စာ၊ နယ်၊ ဇင်းတွေမှာ သတင်းခေါင်းကြီးတွေ အမှားများနေခြင်းဖြစ်ပါတယ် ဆရာ။ မြန်မာစာသည် တို့စာပါ။

အင်္ဂလိပ် ရုပ်ပြောင်တခုမှာ လက်တ်စ် အိ ဂရင်းပါ မှာ ကော်မာ မပါတော့ အဖိုးကို စားကြစို့ ဖြစ်ရော။

ဘယ်ဘာသာစာမဆို သဒ္ဒါရှိတယ်။ သဒ္ဒါမှားရင် အဓိပ္ပါယ်မှားတယ်။ မြန်မာစာမှာ ပန်ကျူယေးရှင်း စနစ်တကျ မရှိတာ အားနည်းချက်ဖြစ်တယ်။ ပုဒ်မ ခေါ် ပုဒ်ကြီးနဲ့ ပုဒ်ထီး ခေါ် ပုဒ်ငယ်သာ တိတိကျကျရှိတယ်။

ဖူးလ်စတော့ ထည့်ရိုက်ကြတာ မှားတယ်။ မြန်မာစာမှာ ဖူးလ်စတော့ မရှိ။ ကော်မာ မရှိ။ ကွယ်စ်ရှင်မတ် မရှိ။ အဲတာတွေ မလိုအပ်ပါ။

ကွင်းစ ကွင်းပိတ်ကို အသုံးများတယ်။ ဒက်ရှ် လည်းသုံးတယ်။ သင့်တယ်။ အဖွင့်ကော်မာ အပိတ်ကော်မာ သိပ်တော့ သဘောမကျလှပါ။ သင့်တော့ သင့်ပါတယ်။

စာလုံးအစုတွေကို ခြာသင့်တဲ့နေရာ ခြာရိုက်ရင် ဖတ်ရတာ ရှင်းတယ်။

မြန်မာလိုရေးနေရင်း အသက်ကို ဝမ်း-တူး-သရီးနဲ့ ရိုက်နေကြတာ ၈၀% လောက်ရှိတယ်။။ မြန်မာစာမှာ ၁-၂-၃ ရှိပါတယ်။

ဒေါက်တာတင့်ဆွေ
၁၃-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး