လက်ပံပင် ဆက်ရက်ကျ

ဆရာ လက်ပံပင်ဆိုတာ အတိတ်နိမိတ်မကောင်းတဲ့ အပင်မျိုးဆိုတာဟုတ်လား ဆရာ လက်ပံပင် စာရက်ကျတာမှန်လား ဆရက်ကျတာမှန်လား နှစ်ခုလုံးမမှန်ခဲ့ရင် ခွင့်လွှတ်ပါ ဆရာ အဲ့ စကားပုံရဲ့ အဓိပ္ပာယ်ကိုလည်း သိချင်ပါတယ်

လက်ပံပင်ကို နိမိတ် အဆိုးအကောင်းခွဲတာ မကြားဖူးသေးပါ။

ဆက်ရက်ငှက်လို့ ရေးတယ်။ ဆက်ရက်တွေက အုပ်လိုက်ကျရင် အသံတွေ ဆူညံနေတယ်။ အဲလိုပဲ လူတွေ ဆူဆူညံညံ စကားပြောနေတာကို လက်ပံပင် ဆက်ရက်ကျသလိုပဲလို့ တင်စားပြောကြတယ်။

မဆီမဆိုင် လက်ပံသား ဒါးနဲ့ချိုင်ဆိုတာလည်းရှိတယ်။ မဆိုင်တာကို ပြောတာ လုပ်တာမှာ တင်စားပြောတာ။

ဒေါက်တာတင့်ဆွေ
၁၄-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး