ဖဆပလ နှင့် ပမညတ

ဖဆပလ ဆိုတာ ဖက်ဆစ်တော်လှန်ရေးနဲ့ ပြည်သူ့လွတ်လပ်ရေးလို့ သိခဲ့ပါတယ်။ ပမညတ ရဲ့ အပြည့်အစုံတော့ မသိပါဆရာ။

ဖဆပလ = ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်

ပမညတ = ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေး တပ်ပေါင်းစု

၁၉၆၂ ခု စစ်တပ်က အာဏာမသိမ်းမီအထိ တည်ရှိခဲ့တဲ့ နိုင်ငံရေးပါတီကြီးတွေဖြစ်ပါတယ်။

ဖဆပလ ကို အင်္ဂလိပ်လို Anti-Fascist People's Freedom League (AFPFL) ခေါ်တယ်။ ၁၉၄၅ ကတည်းက သခင်စိုးနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့က တည်ထောင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းကွယ်လွန်၊ သခင်စိုးက တောတွင်းရောက်တော့၊ ဦးနုနဲ့ ဦးဘဆွေတို့က ဦးဆောင်တယ်။ ၁၉၅၈ မှာ နှစ်ခြမ်းကွဲတယ်။ သန့်ရှင်း ဖဆပလ ကို ဦးနုနဲ့ သခင်တင်၊ တည်မြဲ ဖဆပလ ကို ဦးဘဆွေနဲ့ ဦးကျော်ငြိမ်းတို့က ဦးဆောင်တယ်။

ဒေါက်တာတင့်ဆွေ
၁၅-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး