ဘယ်စာကို ဘယ်နှစ်ဝါ မောင်သင်မတုန်း ပြောခဲ့ပါဦး

မော်တော်ကား ပျံလွန်တော်မူခြင်း

ပုံတခု ပို့ပေးတယ်။ မတ်တူးယာဉ်မော်တော်ကား ပျံလွန်တော်မူကုန်ပြီဆရာရေ တဲ့။ ကျေးဇူး။ ကန်တော့။

စကားစုအထားအသို မှားတော့ မော်တော်ကားတောင်မှ သိက္ခာတော်ရဖြစ်ရော။

အရှေ့ကို လျှောက်ပါလို့
အနောက်ကိုလည်း မျှော်လိုက်ရင်
တံခွန်တိုင် ရွှေကုက္ကားနှင့် ဘုရားကိုမြင်
မမလေးတို့ ပျိုဥယျာဉ်
အဝင်သာပေတောင်း
ဗောဓိရွှေကျောင်း။

စာပုလွေ ရင်မှာပိုက်ပါလို့
ကျောင်းတော်ကိုတဲ့ လိုက်မယ့်ပြင်
ဘယ်စာကို ဘယ်နှစ်ဝါ မောင်သင်မတုန်း
ပျိုလေးကို သံချိုနှော ပြောခဲ့ပါဦး။

မြန်မာစာအမှားတွေသာ ပျံလွန်တော်မူပါစေသတည်း။ ကန်တော့။

ဒေါက်တာတင့်ဆွေ
၁၃-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး