အမေမှာတဲ့ ဆန်တခွဲ သုံးစိတ်နဲ့မလဲ

ခုတလော စကားပုံတွေ အလွဲလွဲရေးကြ သုံးကြတယ်။

တယောက်က တံလျှပ်ကို ရေထင်လို့ ရေးရမှာ သန်လျက်တဲ့။

သူ့အရင်တယောက်က ဓားကိုဖျက် ဝါးမြစ်တဲ့။ ဝါးမျက်လို့ ရေးရမှာ။

ကွန်မင့်မှာ တကျောင်းတဂါထာ တရွာတပုဒ်ဆန်းကို တစသတ်တွေနဲ့လာရေးတယ်။ တင်ထားတာက သတ်ပုံပို့စ်။ ဒီစကားပုံ မသုံးရပါ။ အမေမှာတဲ့ ဆန်တခွဲ သုံးစိတ်နဲ့မလဲ စကားပုံနဲ့သာ သင့်တယ်။ ဆန်ပိုများလည်း မလဲနိုင်တဲ့။ အမေမှာထားတဲ့အတိုင်းပဲတဲ့။ သတ်ပုံအမှန်လို့ ဘယ်လိုပြေပြော မပြင်နိုင်။ အမိန့်အရတဲ့။

၂ လမြူ = ၁ လမြက် (နို့ဆီဗူးတဝက်)
၂ လမြတ် = ၁ လမယ် (နို့ဆီဗူး ၁ ဗူး)
၂ လမယ် = ၁ စလယ် (နို့ဆီဗူး ၂ ဗူး)
၂ စလယ် = ၁ ခွက် (နို့ဆီဗူး ၄ ဗူး)
၁ ပြည် (နို့ဆီဗူး ၈ ဗူး)
၎ ပြည် = ၁ စိတ်
၂ စိတ် = ၁ ခွဲ
၂ ခွဲ = ၁ တင်း (၁၆ ပြည်)

ဒေါက်တာတင့်ဆွေ
၁၆-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး