သူ၏အကြိုက် ဆယ်ခါလိုက်လည်း

ညနေက အသက်အကြီးဆုံး ချင်းကျောင်းသားတယောက်က မေးတယ်။ အစကို သူမှတ်မိပြီး ဆက်ဆိုစရာကို မေးတာ။

သူ၏အကြိုက် ဆယ်ခါလိုက်လည်း၊
မလိုက်တခါ ရှိခဲ့ပါမူ၊
ကြီးစွာရန်သူ စွဲမှတ်ယူ၏၊
သတိမြဲမြံ ကြည့်ဆက်ဆံ။

မဃဒေ၀လင်္ကာကို တင်ထားကြတာ တချို့က သတ်ပုံမှန်ပြီး၊ တချို့ကအမှားတွေနဲ့ ရေးထားကြတယ်။ ပြန်ထုတ်စာအုပ်တွေကလည်း အဲလိုပဲ။ မလုပ်ကောင်းပါ။

ပျော်ကြူးလေဘင်၊ တသွင်သွင်နှင့်၊ လူတွင်ဉာဏ်မဲ့ ကျိုးမဟဲ့ဟု၊

လူဟုဖြစ်လာ၊ လူတို့ရွာနှိုက်၊ ငါသာတတ်သိ၊ ဟူဘိတယောက်၊ သို့လောက်စကား၊ တရားပင်လော၊ နှိပ်သဘောဖြင့်၊ ပြောတတ်သော့သူ၊ ငါတမူလည်း၊ တဆူကဝိ၊ ပဏ္ဍိဟူငြား၊ ဤစကားကား၊

တရားမကြိုက်၊ လျှာဒုစရိုက်နှင့်၊ လူမိုက်တသောင်း၊ ချီးမွမ်းရှောင်းလည်း၊ သူကောင်းတယောက်၊ ပြစ်တင်ကြောက်လော့၊

ဒေါက်တာတင့်ဆွေ
၁၀-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး