ဘီလူးသဘက်လို ကြောက်စရာကောင်းတယ်

ကျနော်တို့ သတ်ပုံမှန်စရာ မလိုတော့ဘူး ဆရာ နောက် ဆို ရင် ပါးစပ်က ပြောလိုက်တာ နဲ့ စာသားကို အလို အလျောက်ရေးမယ့် စနစ်တွေ ပေါ် လာတော့မှာ အခုတောင် Auto translate တွေ နဲ့ ဖြစ်နေပြီ နောက်ပြီး အနာဂတ်ခေတ်ကာလ ကြရင် ဘာသာစကားက တစ်ခုတည်းကို သုံးဖို့ များသွားပြီ

ဘာသာစကားက တစ်ခုတည်းလို့ရေးတာမှားကြောင်း အကြိမ်ပေါင်း များစွာ တင်ပြထားတယ်။ အော်တိုထရန်စလေးရှင်း အမြီးအမောက်မတည့်တာတွေ နေ့တိုင်းတွေ့နေရတယ်။ ကတ္တားနဲ့ ကံ နေရာလွဲတာတွေ။ နာမ်နောက်က နာမဝိသေသန ဖြစ်နေတာတွေ။

အနာဂတ်ခေတ်ကာလကျရင်လို့ ရေးရတယ်။

သတ်ပုံမှန်စရာ မလိုတော့ဘူးဆိုတဲ့ အယူအဆဟာ ဘီလူးသဘက်လို ကြောက်စရာကောင်းတယ်။ သဘက်ဆိုတာ ပြိတ္တာတမျိုး။ အကုသိုလ်လွန်ကဲသူတွေ ဘီလူး၊ သဘက်၊ ပြိတ္တာဖြစ်ကြတယ်။ မြန်မာစာရေးသူတွေ ကုသိုလ်တရား များပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၁၄-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး