Cough into your elbow လူမသိအောင် ပညာပေးခဲ့ခြင်း

(ကန်တော့)

ကိုရိုနာဗိုင်းရပ်စ်ကနေ အမြတ်ထုတ်ပါစာ မနေ့က တင်ခဲ့တယ်။ မနှစ်က ကွန်မင့်တခုရတယ်။ ဆရာချောင်းဆိုးတဲ့ ဟန်ပန်ကို မြန်မာတွေ သတိမှ မူမိလေစ။ ချောင်ဆိုးခြင်းကို လက်ထဲမှာ ဘာတခုမှ ရှိမနေတဲ့အခါ သင့်အင်္ကျီ လက်မောင်းအတွင်းမှာ ဆိုးပါဆိုတာကို ဆရာက Debate ပွဲအတွင်းမှာ ပြသသွားတာကို သတိမူမိပါတယ်။

ချောင်းဆိုးတာ၊ နှာချေတာ မိမိတံတောင်ဆစ်ထဲမှာသာပြုလုပ်ပါ။ ကျန်းမာရေးစာတွေရေးနေသူကိုယ်တိုင်က ကောင်းတဲ့ မှန်တဲ့ အလေ့အကျင့် လုပ်ရကြောင်း လူအများမြင်သာရာမှာ အသေအချာလုပ်ခဲ့တာပါ။ အဲတာကို သတိထားမိသူ တယောက်တိတိ ရှိခဲ့တယ်။ ကျွန်တော် သရုပ်ဆောင်ညံ့လို့။

ရောဂါပိုးမွှားတွေ တခြားဆီကိုမပြန့်စေဘို့ဖြစ်တယ်။ ပါးစပ်ကိုကိုယ့်လက်နဲ့အုပ်ပြီးလုပ်နည်းမှာ ပိုးတွေကိုယ့်လက်ထဲ ရောက်မယ်။ လက်နဲ့ ထိကိုင်တာ အားလုံးကို ကူးစက်မယ် လက်ဆွဲနှုတ်ဆက်မယ်၊ ပွေ့ဖက်မယ်။ စားစရာ၊ သုံးစွဲစရာ၊ ကစားစရာ၊ ဖတ်စရာတွေ ကိုင်တွယ်မယ်။ အဲတာတွေကို သူများတွေကလည်း စားမယ်၊ သုံးမယ်၊ ကစားမယ်၊ ဖတ်မယ်၊ ကိုင်မယ်။ ကူးမယ်။

ကူးစက်ရောဂါအများစုဟာ အသက်ရှူလမ်းကနေ ဝင်တယ်။ ထွက်တယ်။ အများဆုံးကူးစက်တဲ့ပိုးမွှားတွေက အအေးမိနဲ့ တုပ်ကွေးဗိုင်းရပ်စ်တွေဖြစ်တယ်။ တယောက်တည်းသုံးတဲ့ တစ်ရှူးနဲ့ လက်ကိုင်ပုဝါတွေလည်း ဆက်သုံးနိုင်ပါတယ်။ စွန့်ပစ်တာနဲ့ ဖွတ်လျှော်တာ သတိထားပါ။

အသက်ရှူလမ်းကနေ ကူးစက်တဲ့ရောဂါတွေ အများကြီးရှိတယ်။ အာသီးရောင်၊ အာခေါင်ရောင်၊ လည်ချောင်းရောင်၊ ဆိုင်းနပ်စ်၊ နားအလယ်ပိုင်းရောင်၊ တုပ်ကွေးတချို့၊ အအေးမိ၊ ကြက်ညှာချောင်းဆိုး စတာတွေ ဖြစ်တယ်။ အသက်ရှူလမ်းအောက်ပိုင်းရောဂါတွေကတော့ လေပြွန်ရောင်တာနဲ့ နူမိုးနီးယား၊ လေပြွန်ငယ်တွေရောင်ခြင်း၊ လေပြွန်မကြီးတွေရောင်ခြင်း၊ တုပ်ကွေးတချို့နဲ့ H5N1 စတာတွေဖြစ်တယ်။

တစ်ရှူးသုံးရင် စနစ်တကျစွန့်ပစ်ပါ။ လက်ဝါးနဲ့ပိတ်ပြီး ချောင်းမဆိုးပါနဲ့။ လက်ကိုဆပ်ပြာနဲ့ မကြာမကြာ ၂ဝ စက္ကန့် ကြာဆေးပေးပါ။ အရက်ပြန်ပါတဲ့လက်ဆေး ဆေးရည်သုံးပါ။ အိမ်တွေ၊ ရုံးတွေ၊ ကျောင်းတွေနဲ့ ကားပေါ်မှာ Hand Sanitizers အရက်ပျံပါလက်ဆေးရည် ပုလင်းလေးတွေထားပါ။

1. Coughing into the elbow ချောင်းဆိုးခဲ့ပါသည် https://doctortintswe.blogspot.com/2019/06/coughing-into-elbow.html
2. Diseases from a Toilet ရေအိမ်သာမှာ ဘာသတိထားရမလဲ https://doctortintswe.blogspot.com/2017/06/diseases-from-toilet.html
3. Hand Sanitizer လက်ဆေးရည် https://doctortintswe.blogspot.com/2019/06/hand-sanitizer.html
4. Hand Washing ကိုရိုနာဗိုင်းရပ်စ်ကနေ အမြတ်ထုတ်ပါ https://doctortintswe.blogspot.com/2020/02/hand-washing.html
5. Healthy culture ချောင်းဆိုး-လက်ဆေး ယဉ်ကျေးမှု https://doctortintswe.blogspot.com/2015/06/healthy-culture_18.html
6. Healthy Habits ကျန်းမာရေးယဉ်ကျေးမှု https://doctortintswe.blogspot.com/2016/10/healthy-habits.html

ဒေါက်တာတင့်ဆွေ
၁၆-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး