Covid-19 ကိုဗစ်-၁၉ အပ်ဒိတ်

ပြင်သစ်နိုင်ငံမှာ ၁ ယောက်သေဆုံး။ ဥရောပမှာ ပဌမဆုံးသေဆုံးတာဖြစ်။ တရုပ်ပြည်က ပြန်လာသူ။

ဟောင်ကောင်၊ ဖိလစ်ပိုင်၊ ဂျပန်နဲ့ အီဂျစ်မှာ တယောက်စီ သေဆုံးပြီး။

တရုပ်ပြည်မှာ ၁၇၁၆ ယောက် သေဆုံးပြီး။ သေဆုံးရသူတွေထဲမှာ ကျန်မာရေးဝန်ထမ်း ၆ ယောက်ပါ။

တရုပ်ပြည်မှာ ကူးစက်ခံထားရသူပေါင်း ၆၆၄၉၂ ယောက်ရှိ။

တရုပ်ကျန်းမာရေးဝန်ကြီးက ယေဘုယျ ထိန်းနိုင်ပါပြီလို့ စနေနေ့က ပြောလိုက်။ ဟူဘေးအပြင်ကို ပြန့်တာ နည်းထာကို ထောက်ပြခြင်းဖြစ်။ လူနာ ၈၀၀၀ ကျော်လည်း သက်သာလာပြီတဲ့။

ဒါပေမဲ့ WHO ကတော့ တရုပ်ပြည်ဟာ အရေးပေါ်အခြေအနေသာရှိသေးတယ်လို့ ပြောလိုက်။

တရုပ်ပြည်ပြင်ပ ၂၆ နိုင်ငံမှာ ကူးစက်မှုရောက်နေ။
1. ဂျပန် ၂၅၉
2. စင်္ကာပူ ၇၂
3. ထိုင်း ၃၄
4. တောင်ကိုရီးယား ၂၈
5. မလေးရှား ၂၁
6. တိုင်ဝမ် ၁၈
7. ဂျာမဏီ ၁၆
8. ဗီယက်နမ် ၁၆
9. ၾသစေတးလ် ၁၅
10. ယူအက်စ် ၁၅
11. ပြင်သစ် ၁၁
12. ယူကေ ၉
13. ယူအေအီး ၈
14. ကနေဒါ ၈
15. အိန္ဒိယ ၃
16. ဖိလစ်ပိုင် ၃
17. အီတလီ ၃
18. ရုရှား ၃
19. စပိန် ၂
20. ကမ္ဘောဒီးယား ၁
21. ဖင်လန် ၁
22. နီပေါလ် ၁
23. သီရိလင်္ကာ ၁
24. ဆွီဒင် ၁
25. ဘယ်လ်ဂျီယမ် ၁
26. အီဂျစ် ၁

တရုပ်ဆေးပညာရှင်တွေက ကုသနည်းစမ်းသပ်မှု ၈၂ ခုလုပ်နေတယ်။ တချို့ရလဒ်တွေက ၂-၃ ပတ်မှာ သိလာမယ်။

ဒေါ်လာ သန်းပေါင်းများစွာရောင်းချနိုင်တဲ့ စင်္ကာပူ လေကြောင်းပြပွဲ ကိုရိုနာဗိုင်းရပ်စကြောင့် အရင်လို မစည်ကားပါ။

ဖက်ရှင်စီးပွါးရေးလုပ်ငန်းတွေကလည်း နှာခေါင်းစည်း ဒီဇိုင်းတွေနဲ့။ ပုံမှာ လန်ဒန်မြို့က ဖက်ရှင်သတင်းပတ် ကျင်းပတဲ့ နေရာရှေ့မှာ။

ဒါပေမဲ့ ဒီဖိုင်းနှာခေါင်းစည်းတွေ စက်မှုသုံးနှာခေါင်းစည်းတွေ မလိုအပ်ပါ။

သူများတွေက စစ်ဖြစ်လည်း စီးပွါးရေးလုပ်တယ်။ ကပ်ရောဂါဖြစ်လည်း စီးပွါးရေးပါတယ်။ ကျွန်တော်တို့လူမျိုးတွေကတော့ ကိုရိုနာဗိုင်းရပ်စ်သတင်းမှာ လူသေတဲ့အရေအတွက်ကို ဟုတ်ဟုတ် မဟုတ်ဟုတ် အများဆုံး ဦးအောင်တင်ပြီး ငါကွလို့ လက်မထောင်ကြတယ်။

သတင်းတွေ စာရင်းတွေ ပုံတွေ လင့်တွေ လာမတင်ကြစေလိုပါ။

ဒေါက်တာတင့်ဆွေ
၁၅-၂-၂၀၂၀
ညနေ ၄ နာရီ ၅၅ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး