Reiter's Syndrome ရိုက်တားစ် ရောဂါ

(ကန်တော့)

အသက်က ၂၄ ပါ Reiter's Syndrome ရောဂါအကြောင်းလး သိချင်လို့ပါဆရာ။

အရင်က Reiter's syndrome လို့ခေါ်ရာကနေ အခု Reactive arthritis လို့ခေါ်လာတယ်။ အဆစ်ရောင်ရောဂါတမျိုးဖြစ်တယ်။
အင်ဖက်ရှင် ခေါ် ရောဂါပိုးဝင်ရာကနေ ဆက်ဖြစ်တယ်။ ဗက်တီးရီးယားပိုးကြောင့်။
လိင်ကတဆင့်ကူးစက်တဲ့ Chlamydia trachomatis ပိုးကနေ ဖြစ်တယ်။
Salmonella ခေါ် အစာလမ်းပိုးကြောင့်လည်း ဖြစ်တယ်။
အဆစ်နာမယ်။ မျက်စိနာမယ်။ ဆီးသွားလမ်းနာမယ်။
ဒူးဆစ်၊ ခြေချင်းဝတ်တွေမှာ အဖြစ်များတယ်။
၂ လကနေ ၆ လနေရင် သက်သာလာမယ်။
ရောဂါထနေချိန်မှာ ပိုးသေဆေးနဲ့ အတာအရောင်ကျဆေးပေးတယ်။
တချို့ သိပ်နာရင် အဆစ်ထဲ ဆေးထိုးပေးရတယ်။

ဒေါက်တာတင့်ဆွေ
၁၄-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး