Fake Health Advice You Should Ignore ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နည်းအတုအယောင်များ

ဘီဘီစီအင်္ဂလိပ်ပိုင်းမှာ တင်ထားတယ်။

၁။ ချင်း (ဂျင်း)
၂။ ကြက်သွန်ဖြူ
၃။ YouTuber Jordan Sather
၎။ အိမ်မှာလုပ်တဲ့ လက်ဆေးရည်
၅။ ငွေနဲ့ဖေါ်တဲ့ဆေးရည်
၆။ ရေကို ၁၅ မိနစ်တခါသောက်ပါ
၇။ အပူလှုံပါ ရေခဲရှောင်ပါ

အဲတာတွေအကုန် မှားတယ်။ မြန်မာပြည်မှာ အဲတာတချို့ကို ဘာသာပြန်တင်နေကြတာ ကြာပြီ။ အဲတာထဲမပါတဲ့ ကြက်သွန်နီက အရင်။ အဲဒါကို စေစောကပဲ နောက်တယောက် ထပ်တင်ပြန်တယ်။ အားမနာပါးမနာ လူလိမ်လို့ ကွန်မင့် ရေးလိုက်တယ်။ စိတ်ဆိုးမှာတော့ သေချာတယ်။ မတတ်နိုင်။ ဆရာဝန်ဆိုတာ အမုန်းဒဏ် ခံနိုင်ရည်ရှိရတယ်။

စရေးသူက ကြက်သွန်နီကုန်သည်၊ တင်နေသူတွေက ကြက်သွန်နီ လက်လီရောင်းနေသူတွေဖြစ်မယ်။ ပွဲစားတွေကလည်း ပေါတယ်။ တခြားနည်းတွေလည်း မဟုတ်ကဟုတ်က ရေးတင်နေကြတယ်။

လိမ်နည်းတွေနဲ့တော့ ကိုရိုနာဗိုင်းရပ်စ်ကို ဘယ်လိုမှ ကာကွယ်နိုင်မှာမဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၇-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး