ALL sanitary equipment သန့်ရှင်းရေးသုံးပစ္စည်းများ

ယူအက်စ်အေမှာ Daily Care Co. အဲလို ရောင်းနေတယ်။ အွန်လိုင်းကနေ မှာလို့ရပါသတဲ့။

တကယ်လိုအပ်တဲ့ပစ္စည်းတွေ ပြည့်စုံမှုရှိနေရမယ်။ ပစ္စည်းအရည်အသွေးမှန်ရမယ်။ ဈေးနှုန်းလည်း မှန်ရတယ်။

ကနေ့ နေ့လယ် အမေရိန်ကသမတ သတင်းစာရှင်းလင်းပွဲမှာ အရေးပေါ်အသက်ရှူစက် စတာတွေအတွက် သမတ အဖွဲ့တခုလုံး ပြင်းပြင်းထန်ထန် ဝေဘန်ခံရတယ်။

ဆေးပညာရှင်တွေလည်း မလွတ်ပါ။ သူတို့ဆီမှာ ဝေဘန်ထောက်ပြသူတွေကိုယ်တိုင်က အရည်အချင်းရှိရတယ်။

မြန်မာပြည်မှာ အသက်မွေးမှုတိုင်း၊ ယူနီဖေါင်းမျိုးစုံတိုင်းက အရည်အချင်းရှိအောင် ကြိုးစားနိုင်ကြပါစေသတည်း။ တကယ်လိုအပ်တဲ့ပစ္စည်းတွေ ပြည့်စုံမှုရှိပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၁-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး