ကိုရိုနာဗိုင်းရပ်စ်အရေး အစိုးရ ဘာတွေဆောင်ရွက်သင့်သလဲ

RFA ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှုနဲ့ ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ သတင်းထုတ်ပြန်ချက် အားနည်းနေပြီး ဆေးဝါးကုသနည်းတွေနဲ့ ပတ်သက်တဲ့ မမှန်မကန်သတင်းတွေကိုလည်း ထိထိရောက်ရောက် အရေးယူသင့်တယ်လို့ အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေထိုင်နေတဲ့ ဆေးပညာရှင် ဒေါက်တာတင့်ဆွေက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှု မြင့်လာနေတဲ့အခြေအနေနဲ့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေ၊ မြန်မာနိုင်ငံက လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး ဒေါက်တာတင့်ဆွေကို RFA ဝိုင်းတော်သူ မခင်ခင်အိက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

မနေ့ညဦးပိုင်းမှာ RFA ရေဒီယိုက ဆက်သွယ်လာတယ်။ အခုကာလမှာ အမေရိကားမှာနေထိုင်းသူ ၉၀% လောက် အိမ်မှာသာနေထိုင်ပြီး အလုပ်လုပ်ကြရတယ်။ နည်းပညာကို အားကိုးကြရတယ်။

ခက်တယ်။ အဆင်မပြေလို့ ပြန်ပြန်ဖြေရတယ်။ မက်စင်ဂျာက ဖုန်းအရုပ်လေးကို သုံးရတယ်။ ရီကော့ဒ် လုပ်တာ တော်တော်နဲ့ရှာမရ။ ဆောရီး သုံးခါလောက်ပြောတယ်။ ဒီနည်းက လက်ပတော့ပ်မှာမရ။ ဖုန်းနဲ့သာရတယ်။ လေရှည်ပြီးဖြေတာတွေ အကုန်ပါ မပါ မသိ။ ဆောရီး။

ကိုယ့်ပါတီကအစိုးရကိုပါ ဆရာဝန်အမြင်နဲ့ ဝေဘန်ပါတယ်။ လိုတာတွေ ဖြည့်ပါ။ မလိုတာတွေကို အရေးယူပါ။

ဒေါ်ခင်ခင်အိ စာတန်းထိုးတာ လွဲသွားတယ်။ ကျွန်တော်က ဖို့ဒ်ဝိန်းမြို့မှာ မနေပါ။ အင်ဒီယာနာပုလစ်မြို့မှာ။

https://www.facebook.com/39218993127/posts/10159740364478128/

ဒေါက်တာတင့်ဆွေ
၃-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး