ရွာအဝင်မှာ မန်ကျည်းပင်ကြီးရှိတယ်

ဆရာ့ကိုလိုင်းပေါ်မတွေ့တာကြာပြီ

ကျွန်တော် ညတိုင်း အနည်းဆုံး ၈ နာရီအိပ်တယ်။ အိပ်ရာထကတည်းက ကွန်ပြူတာဖွင့်ထားတယ်။ ဖုန်းကိုလည်း ညတိုင်းပိတ်ထားတာ မနေ့ညက ဖုန်းမပိတ်မိပါ။ မနက် ၅ နာရီ ၂ မိနစ်မှာ မြန်မာပြည်ကဂဏန်းနဲ့ ဖုန်းခေါ်လို့ အိပ်ရေးပျက်တာနဲ့ ကနေ့ အိပ်ရာထ နောက်ကျတယ်။

နေမကောင်းလို့ အင်တာနက်မသုံးရချိန်မရှိတာမျိုး မဖြစ်တာလည်း နှစ်တွေကြာပြီ။ လိုင်းပေါ်မတွေ့တာကြာပြီဆိုသူ လိုင်းပေါ်မတက်တာ ဘယ်နှစ်လ ဘယ်နှစ်နှစ်ကြာပြီ မသိပါ။

ရွာထိပ်ကမန်ကျည်းပင်ကြီးစာ ခဏခဏတင်ရတယ်။ ထပ်မတင်တော့ပါ။ မန်ကျည်းပင်ကြီးကတော့ ရွာအဝင်မှာ အမြဲရှိတယ်။ မြို့တက်အလုပ်လုပ်တဲ့ ဖိုးထောင်တို့ ကျောင်းသွားနေတဲ့ ဂွက်ထော်တို့က အားရက်မှသာ ရွာကို အလည်ပြန်လာနိုင်ကြရှာတယ်။

ဒေါက်တာတင့်ဆွေ
၁၅-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး