Coronavirus Airborne ကိုရိုနာဗိုင်းရပ်စ် လေကနေ ကူးသလား

Covid က airbone လို့ who ကကြေငြာတာဟုတ်ပါသလားဆရာ

မနေ့ကတည်းက စတက်လာတဲ့ မေးခွန်း။ တွေ့ပါတယ်။ မတင်ခဲ့ပါ။ လူတွေ ပိုပြီးစိုးရိမ်ကြမှာ စိုးလို့။ ကိုရိုနာဗိုင်းရပ်စ် လေကနေ ကူးသလား ဆရာဝန်တွေ ငြင်းနေကြတုန်း။

ဆေးသိပ္ပံဆိုက်တွေမှာ မနေ့ကစရေးကြတယ်။
02 APRIL 2020 Is the coronavirus airborne? Experts can’t agree ပညာရှင်တွေ တသဘောတည်း မရှိပါတဲ့။

The World Health Organization says the evidence is not compelling, but scientists warn that gathering sufficient data could take years and cost lives ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း အထောက်အထား မပြည့်စုံပါတဲ့။

Apr. 2, 2020 , 6:45 PM
You may be able to spread coronavirus just by breathing, new report finds အသစ်တွေ့ရှိချက်တွေအရ အသက်ရှူတာနဲ့ ကူးစက်နိုင်တဲ့။

မနေ့နေ့လယ် CNN စီအင်န်အင်န်မှာ စတွေ့တာ။ စကားပြောတာနဲ့ ကူးနိုင်တယ်။ အသက်ရှူတာနဲ့ ကူးနိုင်တယ်။

စိတ်ထဲကနေ မေးလိုက်တယ်။ စကားမပြောနဲ့။ အသက်မရှူနဲ့။

လိုတာထက်ပိုပြီး အစိုးရိမ်ကြီးကြစေလိုပါ။ အခြေခံအကျဆုံး ကာကွယ်နည်းကို တိတိကျကျလိုက်နာပါ။
၁။ အိမ်မှာသာ နေထိုင်ပါ။
၂။ မကြာမကြာ လက်ဆေးပါ။
၃။ အပြင်ထွက်ရရင် နှာခေါင်စည်းသုံးပါ။
၎။ လိမ်တာတွေကို မယုံနဲ့။ မဖြန့်နဲ့။ အရေးယူပါ။
၅။ တိုင်းပြည်အတွက်၊ ကိုယ့်မိသားစုအတွက် တကယ်လိုအပ်တာတွေကို ဖြည့်ဆည်းထားပါ။

ဒေါက်တာတင့်ဆွေ
၃-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး