Coronavirus ကိုရိုနာဗိုင်းရပ်စ် နာရေး

ယခုလက်ရှိဖြစ်ပေါ်နေတဲ့ Covid-19 ရောဂါနဲ့ပတ်သတ်ပြီးသိချင်တာတခုရှိလို့ပါ။ ယခုလက်ရှိမှာ အဲဒီရောဂါနဲ့သေဆုံးသွားခဲ့ရင် မြေမြုပ်ဂြိုဟ်ရမယ်ဆိုပြီး စာတွေထွက်ထားပါတယ်။ ဟုတ် မဟုတ်တော့မသိပါဘူး။ အဲဒီလိုကူးစက်ရောဂါနဲ့သေဆုံးသွားသူတွေကို ဘာကြောင့် မြေမြုပ်တာလဲသိလိုပါတယ်ဆရာ မီးရှို့တာနဲ့မြေမြုပ်တာ ဘယ်ဟာက ပိုပြီး safe ဖြစ်လဲသိချင်လို့ပါဆရာ

တရုပ်ပြည်မှာ National Health Commission ကော်မရှင်က သေဆုံးသူတွေကို ဘယ်လိုသင်္ဂြိုဟ်ရမလဲ ညွှန်ကြားချက် ထုတ်ခဲ့တယ်။ Cremation မီးသင်္ဂြိုဟ်စေတယ်။ Epidemiologists ကျွမ်းကျင်ပညာရှင်တွေက ၂-၂-၂၀၂၀ နေ့သတင်းအရ အဲလိုလုပ်ရန် မလိုပါလို့ ဆိုတယ်။

Ebola or Marburg အီဘိုလာဗိုင်းရပ်စ်ဖြစ်စဉ်က WHO protocol ထုတ်ထားတယ်။ အဆင့် ၁၂ ခုပါတယ်။
Step 1: Prior to departure: Team composition and preparation of disinfectants
Step 2: Assemble all necessary equipment
Step 3: Arrival at deceased patient home: prepare burial with family and evaluate risks
Step 4: Put on all Personal Protective Equipment (PPE)
Step 5: Placement of the body in the body bag
Step 6: Placement of the body bag in a coffin where culturally appropriate
Step 7: Sanitize family's environment
Step 8: Remove PPE, manage waste and perform hand hygiene
Step 9: Transport the coffin or the body bag to the cemetery
Step 10: Burial at the cemetery: place coffin or body bag into the grave
Step 11: Burial at the cemetery: engaging community for prayers to dissipates tensions and provide respectful time
Step 12: Return to the hospital or team headquarters

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူတွေကို ဘယ်လိုစီမံသလဲ။ တိုင်းပြည်တွေ မတူကြပါ။ ယူအက်စ်အေ၊ အင်ဒီယာနာ ပြည်နယ်မှာ မိသားစုတွေ မိတ်ဆွေတွေ လိုက်ပါပို့ဆောင်ခွင့် မပြု။ တာဝန်ရှိသူတွေက ဆောင်ရွက်ပေးတယ်။ လုပ်ဆောင်နေတာကို ဗီဒီယိုပြပေးတယ်တဲ့။

တချို့ပြည်နယ်တွေမှာ တမျိုးရှိတယ်။ အမေရိကန် CDC ရဲ့လမ်းညွှန်ကတော့ နာရေးအခမ်းအနားမှာ လာရောက်သူ နည်းနိုင်သမျှနည်းပါ။ မလာမဖြစ် မလုပ်မဖြစ်သူတွေသာ အခန်းတွင်းမှာနေပါ။ တချို့နေရာတွေမှာ လူ ၁၀ ယောက်ထက် မပိုစေရ။
တာဝန်ရှိသူတွေညွှန်ကြားတာကို လိုက်နာသင့်တယ် ထင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး