Development of New Vaccines ကာကွယ်ဆေးသစ် ဘယ်လိုထုပ်လုပ်ရသလဲ

အဆင့်ဆင့် လုပ်ဆောင်ရပါတယ်။
1. Exploratory stage စမ်းသပ်ရှာဖွေခြင်း
2. Pre-clinical stage လူနာတွေကို မစမ်းမီ
3. Clinical development လူနာတွေကို စမ်းသုံးခြင်း
4. Regulatory review and approval အတည်ပြုရန် ဆန်းစစ်ခြင်း
5. Manufacturing ထုတ်လုပ်ခြင်း
6. Quality control အရည်အသွေးထိန်းသိမ်ခြင်း။

Clinical development လူနာတွေကို စမ်းသုံးခြင်းမှာ ၃ ဆင့်လုပ်ရတယ်။
Phase I လူအုပ်စုနည်းနည်းကိုသာစမ်းခြင်း
Phase II လူအမျိုးမျိုး (အသက်၊ ကိုယ်ခံကျန်းမာရေး) ကို စမ်းခြင်းနဲ့
Phase III လူတွေထောင်ဂဏန်းအထိ စမ်းနည်း။
Phase IV တချို့ကာကွယ်ဆေးတွေကို လိုင်စင်ချပေးပြီးမှလည်း လုပ်ရသေးတယ်။

Vaccine Product Approval Process အတည်ပြုချက် လုပ်ထုံးလုပ်နည်းတွေလည်းရှိသေးတယ်။ မရေးတော့ပါ။

ကိုဗစ်-၁၉ ကာကွယ်ဆေးကို လူတွေကို စတင်စမ်းနေပြီ။ အဆင့်တွေကျန်သေးတယ်။ တနှစ်ကနေ တနှစ်ခွဲလောက် ကြာမှသာ တကယ့်ကာကွယ်ဆေး ထွက်လာ သုံးလာနိုင်ပါမယ်။

မြန်မာပြည်မှာတော့ လာတော့မယ်ဆိုလား။ ဖေ့စ်ဘွတ်က အတည်ပြုချက်တွေ ပေးနေကြပြီ။

ကျွန်တော်တို့တိုင်းပြည်မှာ ညံ့တာတွေက အလွန်ကို အလွန့်အလွန်ကို များတာပါကလား။

ကျွန်တော်လည်း စစ်ဘေးရှောင်စခန်းတွေမှာ ကိုရိုနာကွယ်ဆေး အခမဲ့ထိုးပေးနေတာမျိုး မဖြစ်စေချင်သူ မဟုတ်ပါ။

Coronavirus Vaccine Tial ကိုရိုနာကွယ်ဆေး စမ်းသပ်နေမှုများ

ယူကေနိုင်ငံ Oxford University ကနေ ၁၀-၁-၂၀၂၀ နေ့က စတင်ဆောင်ရွက်နေတယ်။ တရုပ်ဆရာဝန်တွေကနေ COVID-19 virus genetic sequence ကိုထုတ်ပြန်ပေးပြီးမှာ စတင်တာဖြစ်တယ်။ တရုပ်ပြည်မှာလည်း ဝူဟန်က အသက် ၁၈ နှစ်ကနေ ၆၀ အထိရှိကြတဲ့ လူ ၁၀၈ ယောက်ကို ဆောင်ရွက်နေတယ်။ စမ်းသပ်ခံသူတွေကို ၁၄ ရက်ကြာ သီးခြား ခွဲထားမယ်။ adenovirus-based Ad5-nCoV ဆေးလို့ခေါ်တယ်။ CanSino Biologics နဲ့ ပူးတွဲလုပ်နေတာ ဖြစ်တယ်။ ယူကေအဖွဲ့က အကောင်တွေကို စမ်းပြီးပြီ။ Salisbury နားက Public Health England (PHE) laboratory မှာ လုပ်နေတာ။

ယူအက်စ် US National Institutes of Health ကနေ Moderna’s mRNA-based coronavirus vaccine ကာကွယ်ဆေး စမ်းတယ်။ mRNA-1273 လို့ခေါ်တယ်။

GlaxoSmithKline ကလည်း တရုပ်ပြည်က Clover Biopharmaceuticals နဲ့ တွဲလုပ်နေတယ်။

အမေရိကန် Biomedical Advanced Research and Development Authority (BARDA) က Sanofi and Johnson & Johnson နဲ့တွဲလုပ်နေတယ်။

ယူအက်စ်မှာ ပဌမဆုံးလူကို စမ်းသပ်ထိုးပေးတာကို ၁၆-၃-၂၀၂၀ နေ့က စတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေး တနှစ်ကနေ တနှစ်ခွဲလောက် ကြာမှသာ တကယ့်ကာကွယ်ဆေး ထွက်လာ သုံးလာနိုင်ပါမယ်။

WHO ထုတ်ပြန်ချက်အရ အနည်းဆုံး နေရာ ၂၀မှာ စမ်းသပ်မှုတွေ အဆင့်ဆင့် လုပ်နေတယ်လို့ သိရတယ်။ အဲဒီစာရင်းထဲမှာ မြန်မာနိုင်ငံအမည် မတွေ့မိပါ။ ဆောရီး။ မြန်မာလိုရေးတဲ့ ဖေ့စ်ဘွတ်မှာတော့ များလိုက်တာ။

ဒေါက်တာတင့်ဆွေ
၅-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး