Monday, July 13, 2020

Do No Harm စေတနာမှာ ပညာမပါရင် ဒုက္ခပေးတယ်

၁။ ကင်းသုံးကင်း ဘယ်ကင်းကိုက်ကိုက် ကိုက်ကိုက်ခြင်း ကင်းကိုက်သည့်နေရာကို ကွမ်းရွက်ကို အရည်ထွက်အောင်

၂။ နားအပေါက်ငယ် အောက်မှာ ကွန်မင့်တခုရတယ်။ အဲ့ဒါတမာရီုးကိုပြာချ ရေနံချေးစိမ်းနဲ့ ပွတ်ပေးရင် ပျောက်ပါတယ်ကျူပ်င

၃။ အင်ပြင်သေချာရင် အင်ရွက်ကိုပြုပီးရေချိုးပါ ပြီးရင်သနပ်ခါးရေကျဲလေးကိုဆားလေးထဲ့ပြီးတကိုယ်လုံးလိမ်းပါ နာရီပိုင်းအတွင်း ပျောက်ပါတယ်

၎။ ဒူးနာတယ်ဆို ရင် မြေဖြူတတောင့်ကိုမှုန့် အောင်လုပ် မယုံမရှိနဲ့  ကိုယ်တွေ့ 

၅။ နှလုံးခုန်နှုန်းအောက်မှာ ကွန်မင့်တခုက ဂျင်း +ထန်ညှက်ပြုတ်သောက်လိုက်ပါ

၆။ နှလုံးခုန်နှုန်းအောက်မှာ ဂျင်း +ထန်ညှက်ပြုတ်သောက်လိုက်ပါ တဲ့။

၇။ ကရိုနာစာအောက်မှာ ဂျင်းနဲ့ထန်လျက် ပြုတ်သောက်ျပါဆရာ တဲ့။

၈။ အရေပြားမှာပေါက်တဲ့ရောဂါမျိုးစုင်္ပျောက်တဲ့အောင်ဇေယျာမင်းလိမ်းဆေးဝယ်ပါဝဲနှင်းခူတောင်ပျောက်တယ် လက်တွေ့သုံးဘူးပျောက်ဘူးလို့ပါဈေးချို၂၈လမ်း၈၄လမ်းမှာမှာမေးဝယ်ပါ တဲ့။

၉။ ဂျင်း +ထန်ညှက်ပြုတ်သောက်လိုက်ပါ

၁၀။ ကရိုနာဗိုင်းရပ်စ် အရက်သောက်ပါ ကြက်သွန်နီ တမာရွက်ပြုတ်ရည်

၁၁။ အရေပြားကို အနည်းငယ်ကုပ်ခြစ်ပြီးခါချဉ်ကောင်တွေကို ချေပြီးလိမ်းပေးရင်ပျေက်ပါတယ်.. ကိုယ်တွေ့ပါ။

ကွန်မင့်တွေကို ဖျက်ပါမယ်။ အရပ်နည်း၊ ကိုယ်ပိုင်နည်း၊ တိုင်းရင်းဆေး၊ ဟာဗယ်ဆေး၊ အာယုဗေဒဆေး၊ တရုပ်ဆေး၊ အိန္ဒိယဆေးတွေကိုသာ အားကိုးလိုသူတွေက ဆရာဝန်တွေရေးတာကို လာမဖတ်ကြပါ။ ကျွန်တော်ကလည်း အဲဒီနေရာတွေကိုသွားပြီး ဆရာ မလုပ်ပါ။ ကိုယ်ပိုင်ဆေးနည်း၊ အရပ်ဆေးနည်း၊ လမ်းဘေးဆေးနည်းတွေကို ကိုယ့်စာမျက်နှာမှာသာ တင်ပါရန်။ ဆေးရောင်းချင်တာ ကျွန်တော့်နေရာမှာ လာမရေးပါရန်။

Physician, first do no harm သမားတော် - ပဌမဆုံးအချက်က သူတပါးကို ဘေးမဖြစ်စေနဲ့ဆိုတာလည်း ဟစ်ပိုခရေးတီးစ် အဆိုအမိန့်လို့ ယူကြပါတယ်။ ရှေးဟောင်းဂရိစာထဲမှာတော့ အထောက်အထား မတွေ့ပါ။ ဆရာဝန်တွေ ကိုယ့်ကြောင့် ရောဂါ မပျောက်သည်ရှိပါစေ၊ ကိုယ့်ကြောင့် လူနာကို ဒုက္ခမရောက်ပါစေနဲ့။

ဆရာဝန်မဟုတ်သူများအတွက်ပါ မှန်ကန်ကောင်းမွန်လှတဲ့ အဆိုအမိန့်တခုဖြစ်ပါတယ်။

စေတနာမှာ ပညာမပါရင် ကိုယ့်ကိုယ်ကိုလည်း ဒုက္ခပေးတယ်။ သူများတွေကိုလည်း ဒုက္ခပေးတယ်။

ဒေါက်တာတင့်ဆွေ


No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆိုရှယ်လစ်ခေတ်၏ ကောင်းကွက်ကိုရှာခြင်း

လုပ်သားပြည်သူနှင့် ဦးကြီးဟု အခေါ်ခံရသူများ၏ စကားဝိုင်းမှာ ပြောကြတယ်။ လုပ်သားပြည်သူ- အဲဒါ ငစိန်နဲ့ မီးဒုန်းခေတ် ဦးကြီး - ဆန်တပြည် ၆၅ ပြ...