Genetic Detective Story ကရိုနာမျိုးဗီဇ စုံထောက်ဇာတ်လမ်း

ကရိုနာဗိုင်းရပ်စ် ဘယ်ကစသလဲ၊ ဘယ်လို ပြန့်ပွားလာသလဲ။ သုတေသနပြုနေသူတွေက အဲဒီ Genetic Detective Story ခေါ် မျိုးဗီဇ စုံထောက်ဇာတ်လမ်းကို အဖြေရှာနေကြပါတယ်။

ကရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါနဲ့ဆိုင်တဲ့ ဆေးသိပ္ပံအသိပညာ လေဟာနယ်ကနေ စရတယ်။ ဘယ်ကနေ မြစ်ဖျားခံသလဲ။ ဘယ်လိုကဘယ်လို ပိုးတွေဟာ ရေခံမြေခံကောင်းတွေ တွေ့လာသလဲ။ ထင်ကြေးတွေကတော့ အံ့သြစရာတွေ၊ မယုံကြည်နိုင်တာတွေ၊ ထင်မှတ်မထားခဲ့တာတွေက အမျိုးမျိုး။

တရုပ်ရဲ့ဇီဝလက်နက်လို့ အထင်ကနေစလာတာ။ အမေရိကန်စစ်တပ်က အဲဒီဗိုင်ရပ်စ် ကိုဝူဟန်ကို သယ်ပို့တာ။ ပိုးတွေထည့်ထားတဲ့ပုလင်း ပွင့်သွားလို့။ ဓါတ်ခွဲခန်းကနေ ထွက်တာ။ ကောလာဟလေတွေက တောမီးလောင်သလို။

နိုင်ငံတကာ သိပ္ပံပညာရှင်တွေ အတူလုပ်နေကြပါတယ်။ အဲလို nationalist-tinged conspiracy theories လူမျိုးရေးဆန်တဲ့ လျို့ဝှက်အကြံအစည် သီအိုရီတွေကို မဟုတ်ကြောင်း ဖေါ်ထုတ်ဘို့ လုပ်နေကြပါတယ်။

ဝူဟန်မှာရှိတဲ့ လှောင်ချိုင့်တွေထဲက အကောင်တွေ၊ သင်းခွေချပ်နဲ့ လင်းနို့လည်းပါတယ်။ တရုပ်လူမျိုးတွေ မွေးမြူကြတယ်။ ဝယ်ယူစားသောက်ကြတယ်။ အဲဒီ ပင်လယ်စာဈေးကလာတာ မဖြစ်လောက်။

ကိုလမ်ဘီယာတက္ကသိုလ် ပါမောက္ခ Dr. Simon Anthony နဲ့ သူတို့အဖွဲ့ PREDICT ကနေ ဆယ်စုနှစ် တခုသာသာ အတွင်းမှာ ကရိုနာဗိုင်းရပ်စ်ပေါင်း ၁၈၀ ကိုတွေ့ထားတယ်။ အခုထိတော့ ဗိုင်းရပ်စ်ပညာရှင်တယောက်ကမှ မူးရင်းဇစ်မြစ် ဘယ်ကလဲလို့ မပြောနိုင်ကြသေးပါ။

ပညာရှင်တွေလည်း တသဘောတည်း မကျသေးပါ။ တရုပ်နဲ့ အမေရိကန်တွေ ဇီဝလက်နက်ဆိုတာကတော့ အထောက်အထား သုည။

Source CNN

ဒေါက်တာတင့်ဆွေ
၆-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး