Medical Masks ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ နှင့် နှာခေါင်းစည်း စကားရည်လုပွဲ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါသတင်းရဲ့သင်္ကေတတခုဟာ နှာခေါင်းစည်းဖြစ်နေတာ ၃ လကျော်ပြီ။ ကြားထဲမှာသာ လက်ဆေးတဲ့ပုံကို သုံးလေ့ရှိတယ်။

ကနေ့ အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ သမတက နှာခေါင်းစည်းမလိုတဲ့။

ဆေးပညာရှင်တွေရဲ့ လမ်းညွှန်ချက်က
၁။ နေမကောင်းဖြစ်နေသူတွေ နဲ့ ရောဂါလက္ခဏာခံစားနေရသူတွေ
၂။ အဲဒီလူနာတွေနဲ့ သံသယရှိသူတွေကို ပြုစုကသပေးနေကြရသူတွေ နှာခေါင်းစည်းလိုကြတယ်။

ဆေးရုံသုံးနှာခေါင်းစည်းဆိုတာ တာဝန် နှစ်မျိုးလုပ်ပေးတယ်။
၁။ ကိုယ့်အသက်ရှူလမ်းထဲကို ရောဂါပိုးတွေ ဝင်မလာစေအောင် နဲ့
၂။ ကိုယ့်ဆီကပိုးတွေ အပြင်မထွက် သူများတွေကို မကူးစေအောင်

အမေရိကားမှာ နေရာတိုင်းမှာ
၁။ သမတရုံးက အိမ်မှာသောနေပါအမိန့် မထုတ်သေး။
၂။ လူတွေကတော့ ၉၀% လောက် အပြင်မထွက်ကြပါ။
၃။ ဆရာဝန်တွေကတော့ တတိုင်းတပြည်လုံး အပြင်မထွက်ရန် အကြံပြုထားတယ်။

ကျွန်တော့်အကြံပြုချက်ကတော့ အိမ်ပြင်မထွက်ရေးနဲ့ လက်ဆေးက တစ် နဲ့ နှစ်။

ဒေါက်တာတင့်ဆွေ
၃-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး