MLK Bridge lights up to honor frontline healthcare workers

ကျန်းမာရေးစစ်မြေပြင်မှာ ရှေ့တန်းကနေလုပ်ဆောင်ပေးနေသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ မာတင်လူသာကင်း ဂျူနီယာ တံတားကြီးမှာ မီးထွန်းထားပါသတဲ့။

မြန်မာပြည်သားတွေ အများကြီးနေထိုင်ကြတဲ့ ဖိုဒ်ဝိန်းမြို့မှာပါ။ မြန်မာပြည်ကလာတဲ့ အနှုတ်သဘောဆောင်တဲ့ သတင်းတွေ သိသမျှ ရေးတင်ထားတယ်။

ကျွန်တော်တို့တိုင်းပြည်မှာ ဘာလေးတခုဖြစ်ဖြစ် အပြစ်တင်လက်ညှိုးထိုးကြတယ်။ ဆေးရုံတွေ ဆရာဝန်တွေ သူနာပြုတွေက မကြာခဏ။ ကိုယ့်အသက်မွေးဝမ်းကျောင်းပညာဖြစ်လို့ ထောက်ပြလိုတာတခုတည်း မဟုတ်ပါ။

မကောင်းတာတွေက နေရာတိုင်းမှာ။ အဆင့်တိုင်းမှာ။ ဌာနတိုင်းမှာ။ ဘယ်ယူနီဖေါင်းဝတ်ဖြစ်ဖြစ် ပါတယ်။ ရိုးရိုး ပုဆိုး ထဘီဝတ်ထားသူတွေလည်း ပါတယ်။

မကောင်းအောင် လုပ်ခံထားရတာက ကြာပြီ။ မကောင်းအောင် လုပ်ခဲ့သူတွေက အာဏာပြန်ရချင် ပိုရချင်နေကြတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို အခွင့်ကောင်းအဖြစ် အသုံးချနိုင်ကြပါစေသတည်း။

အဲတာကမှ အမျိုးသားရေး။

ဒေါက်တာတင့်ဆွေ
၁-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး