PTSD စစ်ပွဲနဲ့ စစ်သား ကရိုနာနဲ့ ကျန်းမာရေးလုပ်သား

စိတ်ဆေးပညာမှာ Post-Traumatic Stress Disorder (PTSD) ရောဂါလို့ရှိတယ်။ စစ်ပွဲပြန်စစ်သားတွေမှာ စိတ်ပိုင်း ထိခိုက်ခံရတာ။ နာတာရှည်စိတ်ဒဏ်ရာ။

ကရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါအတွက် တာဝန်ယူနေကြရတဲ့ ကျန်းမာရေးဝန်ထမ်းတွေမှာလည်း အလားတူစိတ်ဒဏ်ရာ ရနေကြတယ်လို့ အမေရိကန်သုတေသနပြုသူတွေက ဆိုပါတယ်။

အဆိုးဆုံးဖြစ်နေတဲ့ နယူယော့မြို့က ဆေးရုံတွေမှာ အရေးပေါ်တာဝန်ယူနေရသူတွေကို လေ့လာပါတယ်။

အရေးကြီးလူနာတွေ များလာတော့ မလောက်ငတဲ့ အသက်ရှူစက်ကို ဘယ်လူနာကို ဦးစားပေရမလဲ ဆုံးဖြတ်ချက် ချရခြင်းဟာလည်း ဆရာဝန်တွေအတွက် စိတ်သောကရောက်စရာတွေထဲက တခုဖြစ်ပါသတဲ့။

ဆရာဝန်တဦးက ပြောပါတယ်။ သေဆုံးတော့မဲ့လူနာတွေကို မျက်စိအောက်မှာ မြင်တွေ့ရတာ မဆန်းတော့ပါ။ အဲတာမျိုးကို ကျော်လွှားတတ်အောင် လေ့ကျင့်ထားပြီးသားပါ။ အခုခက်နေတာက ခါတိုင်းလို လက်လျော့လိုက်ရမဲ့ လူနာမျိုး မဟုတ်ကြသူတွေနဲ့ တွေ့ရတာ။

ဆရာဝန်တွေရဲ့ စိတ်ထဲထိ ဝင်ကြည့်နိုင်စွမ်းရှိတဲ့ လူအရေအတွက် မများလှပါ။

ကျန်မာရေးမှာ တာဝန်ယူနေသူတွေ ဘယ်မှာနေနေ ကိုယ်ရောစိတ်ပါ ကျန်းမာကြပါစေ။

ဒေါက်တာတင့်ဆွေ
၆-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး