Robot Justice စက်ရုပ် တရားစီရင်ရေး

တရုပ်ပြည်က စက်ရုပ်တရားစီရင်ရေးသတင်းကို VOA အင်္ဂလိပ်ပိုင်းမှာ ၁၁-၁၂-၂၀၁၉ နေ့က တင်ထားတယ်။

https://learningenglish.voanews.com/a/robot-justice-the-rise-of-china-s-internet-courts-/5201677.html

တရုပ်ပြည်မှာ တရားစီရင်နေတာကို အင်တာနက်ကနေပါဝင်နိုင်တဲ့ တရားရုံးတွေရှိလာပြီ။ internet courts ခေါ်တယ်။ လူကိုယ်တိုင် တရားရုံးကို လာစရာ မလို။ smart court လို့လည်းခေါ်တယ်။ non-human judges လူသားမဟုတ်တဲ့ တရားသူကြီးတွေကို  artificial intelligence (AI) ထည့်သွင်းပေးထားတယ်။ ပဌမဆုံး အဲလိုတရားရုံးကို ၂၀၁၇ ခုနှစ်က Hangzhou မြို့မှာ ဆောင်ရွက်တယ်။

မြန်မာပြည် မြန်မာ့ဆိုရှယ်လစ်ခေတ်မှာ တရားစီရင်ရေးစနစ်က ထူးခြားတယ်။ ဥပဒေတလုံးမှ နားမလည်သူကိုသာ တရားသူကြီးရွေးခန့်တယ်။ ပါတီဝင်နံပတ်နဲ့ ပါတီယူနစ်အပေါ် သစ္စာခံမှုအရ ရွေးတယ်။

မဆလ မျိုးဆက်ကနေ တစည။ နောက်မှာ ကြံ့ခိုင်ရေးမျိုးဆက်ရယ်လို့ဖြစ်လာတယ်။ အာတီဖီရှယ် အင်တဲလီဂျင့်စ် အပြည့်ရှိကြတယ်။

ဒေါက်တာတင့်ဆွေ
၎-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး