WHO နဲ့ FDA တခြားစီ

ဆရာရေ ဒီလိုဆိုရင် WHO နဲ့ FDA က ဘယ်လိုဆက်စပ်မှုရှိလဲဆရာ။ သူတို့နှစ်ဖွဲ့က လုံးဝသီးခြားစီလား။ သို့မဟုတ် အပြန်အလှန် သက်ရောက်မှုက ဘာတွေလဲဆရာ။ ကျေးဇူးပါ။

တခြားစီ။ WHO က UN လက်အောက်။ FDA က ယူအက်စ်အေ။ FDA က နိုင်ငံတိုင်းလိုလိုမှာ ရှိတယ်။ အမည် နည်းနည်း ကွဲနိုင်တယ်။ မြန်မာပြည်မှာလည်း FDA ရှိတယ်။ ပို့စ်မှာ ယူအက်စ် FDA ကို ကိုးကားတယ်။ ကွာခြားချက်က ဆေးတွေက FDA နဲ့သာဆိုင်တယ်။ WHO က ကျန်းမာရေး။

World Health Organization (WHO) ကမ္ဘာ့ကျန်းမာရေးအဖွဲကြီးက ကုလသမဂ္ဂရဲ့ အထူးအေဂျင်စီတခု ဖြစ်တယ်။ ဂျနီဗာမှာ ဌာနချုပ်ထားတယ်။ ၇-၄-၁၉၄၈ မှာစထူထောင်တယ်။ World Health Day ကမ္ဘာ့ကျန်းမာရေးနေ့ အဖြစ် သတ်မှတ်ထားတယ်။

သူ့အဓိကတာဝန်တွေက
1. Communicable diseases ကူးစက်ရောဂါများ
2. Non-communicable diseases မကူးစက်ရောဂါများ
3. Environmental health ပတ်ဝန်းကျင်ကျန်းမာရေး
4. Life course and life style လူနေမှုပုံစံကျန်းမာရေး
5. Surgery and trauma care ခွဲစိတ်ကုသမှုနှင့် ထိခိုက်ဒဏ်ရာ
6. Emergency work အရေးပေါ်
7. Health policy ကျန်းမာရေးပေါ်လစီ

Food and Drug Administration (FDA or USFDA) အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ရေးအဖွဲ့ (ယူအက်စ်အေ)

အဓိကလုပ်ငန်းများ
1. food safety အစားအသောက်လုံခြုံမှု
2. tobacco products တိုဘက်ကို (ဆေးလိပ်)
3. dietary supplements ဖြည့်စွက်စာများ
4. prescription and over-the-counter pharmaceutical drugs ဆေးဝါးများ
5. vaccines ကာကွယ်ဆေးများ
6. biopharmaceuticals ဇီဝဆေးများ
7. blood transfusions သွေးသွင်းခြင်းများ
8. medical devices ဆေးဝါးသုံးပစ္စည်းများ
9. electromagnetic radiation emitting devices (ERED) အီလက်ထရောနစ်ကရိယာများ
10. cosmetics အလှအပပစ္စည်းများ
11. animal foods & feed and veterinary products တိရစ္ဆာန်ဆေးများ

ဆေးသစ် ဆေးဟောင်း ကာကွယ်ဆေး ထုတ်လုပ်တာ FDA နဲ့သာဆိုင်ပြီး WHO နဲ့ မဆိုင်ပါ။ CDC ကရှိသေးတယ်။ ထည့်မရေးသေးပါ။

မြန်မာပြည်မှာက ဥပဒေရော စည်းကမ်းပါ အတော်နည်းသေးတယ်။ စာတွေ့မှာ သူငယ်တန်းအဆင့်နဲ့ ထိပ်တက် ပြောနေသူတွေက မနည်းပါ။ အများကြီးကြိုးစားကြရမယ်။ ကျွန်တော်လည်း နည်းနည်းသာ သိသေးတာ။ ကြိုးစားရဦးမယ်။

ဒေါက်တာတင့်ဆွေ
၆-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး