မီးတိုင်တခု

အသုံးလုံး ခေါ် စာတတ်မြောက်ရေးဖြစ်မြောက်ရေးအတွက် ကျောင်းသားကျောင်းသူများအသံ ပဲ့တင်သံမဂ္ဂဇင်းပါ ဆရာ တင်မိုးရေးတဲ့ကဗျာ။ ၁၉၇၄-၇၅ ခုနှစ်က ထုတ်ပါတယ်။

မီးတိုင်ကို ကိုင်ကြစို့

သူတို့ဘဝ၊ အမှောက်ကျလည်း
ကျမှန်းမသိ၊ ငုံးတိတိ။

သူတို့အဖြစ်၊ မှောင်ညစ်ညစ်လည်း
မှောင်မှန်းမသိ၊ ကန်းလေဘိ။

အ,မှန်းမသိ၊ ကန်းလေဘိ၍
လမ်းမသိနိုင်၊ မှောင်ထဲငိုင်စဉ်
မီးတိုင်တခု၊ မြင်လိုက်မှုကြောင့်
အလုအယက်၊ ဝမ်းမြောက်လက်ဖြင့်
နှစ်သက်လှစွာ၊ ကိုင်စွဲလာပြီ
ခွာလော့ ရှဲလော့ အမှောင်ထု။ (တင်မိုး)

တစ်သုံးလုံး ပပျောက်ရေးခေတ် ရှိနိုင်ဦးမည်လော။ ခွာလော့ ရှဲလော့ အမှောင်ထု။

ဒေါက်တာတင့်ဆွေ
၈-၅-၂၀၂၀
ပုံအတွက် ကျေးဇူး။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး