၅ ရာစုကအချစ် နှင့် ၁၅ ရာစုကအချစ်

အရမ်းကို ဘန်းစကားတလုံးမှန်း သိပါတယ်။ ဘန်းစကားတွေကို သူ့နေရာနဲ့သူ သုံးတာ ပြောရန်မရှိပါ။ နေရာတကာတော့ သင့်မယ်မထင်။

မြန်မာလို အော်တိုဘာသာပြန်ကို အင်္ဂလိပ်စာရော မြန်မာစာပါတတ်ကျွမ်းသူတွေကနေ လုပ်နေကြပုံရတယ်။ သူတို့က ဘန်းစကားတမျိုးတည်းသာ တတ်မြောက်ကြတယ်ထင်။

ဘန်းစကားရေးကြတာ တချို့က အရန်းတဲ့။ အလန်းကို တချို့က အလမ်း တဲ့။

အော်တိုဘာသာပြန်က အယ်လ်အိုင်ကေအီး ကို ကြိုက် လို့ဘာသာပြန်တယ်။ အယ်လ်အိုင်ကေအီး တွေများရင် အရမ်းကြိုက်ပေးခဲ့ပါသည် တဲ့။

အော်တိုဘာသာပြန်ဆိုတာ ဒါလာရင် ဒါ။ ဘယ်သူကနေ ဘယ်သူ့ဆီရေးသလဲသိနိုင်တဲ့ မျက်စိနဲ့ ဦးနှောက်မပါ။

အယ်လ်အိုဗွီအီး ကို ဘာသာပြန်ထားတာ မတွေ့ဖူးသေး။ ဘန်းစကား မရှိသေးတာလားမသိ။ မချစ်တတ်ကြတော့တာလား မသိ။

ကိုယ့်မိဘတွေ ကိုယ့်ဆရာသမားတွေကိုလည်း အရမ်းကြိုက်ပေးခဲ့ပါသည်ပဲလား။ ၅၂၈ နဲ့ ၁၅၀၀ ကို အော်တို ဘာသာပြန်က ၅ ရာစုနဲ့ ၁၅ ရာစုလို့ ပြန်မလား မသိ။

ဒေါက်တာတင့်ဆွေ
၁၆-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး