မန်ကျည်းပင်အောက်မှာ

တမြန်နှစ်က စဉ်းစားမိတာ။ နိုင်ငံရေးကြောင့် အိန္ဒိယရောက်လာသူတွေ အတော်များများ အင်္ဂလိပ်လိုအပြောမှာ တိုးတက်လာကြတယ်။ ကောင်းတယ်။ အင်ဒီးယန်းအင်္ဂလိပ်လို လိုက်ပြောကြသူကများတယ်။

ကျွန်တော်က ငပိသံကို မဆလာသံ မဖြစ်အောင် ဂရုစိုက်ခဲ့ပါတယ်။ အသံရော အသုံးပါ သတိထားတာ။ အမေရိကရောက်ပြန်တော့ ခက်ရော။ သူတို့က အစစ်သာ ပြောဆိုကြတာ။

ကျွန်တော်က အစား၊ စကား၊ ပညာ အစစအရာရာ စစ်မှန်တာကိုသာ သဘောကျလို့ ဗမာစကား ဝဲမသွားအောင် ၂၈ နှစ်ကြာ သတိထားပြောဆိုခဲ့ပါတယ်။

အလည်ပြန်တော့ ဗမာလူမျိုးတွေ စကားပြောတာ တခါတခါနားမလည်။ စာရေးတာ ခပ်များများနားမလည်။

သူငယ်တန်းဖတ်စာထဲမှာ အလယ်လူ စကားဝဲ၏။ အလည်လာသူ စကားဝဲပါသလား။

ဒေါက်တာတင့်ဆွေ
၂၀-၅-၂၀၁၈
၂၀-၅-၂၀၂၀

အကြားစိမ်းခြင်း

မန်ကျည်းပင်အောက်မှာစာထဲမှာ အလည်ပြန်တော့ ဗမာလူမျိုးတွေ စကားပြောတာ တခါတခါနားမလည်။ စာရေးတာ ခပ်များများနားမလည်လို့ ရေးတော့ ကွန်မင့်တခုက ရေးတယ်။

အကြားစိမ်းတာလားမသိဘူးနော်ဆရာတဲ့။

ကျွန်တော်တို့ ကျောင်းသားဘဝ ရွှေဥဒေါင်းရေးတာတခု အခုထိ မမေ့သေးပါ။

မြန်မာ့အသံသည် ကျွန်ုပ်အား မကြာခဏ နားကလောစေ၏ တဲ့။

သူက နိုင်ငံခြားသွားနေသူ မဟုတ်ပါ။ ရွှေဥဒေါင်း အကြားစိမ်းသူမဟုတ်လို့ ထင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၀-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး