လူကလေးတဲ့ချော့စရာ

မင်္ဂလာပါဆရာ။ ကလေး နဲ့ လေး အသုံးအမှန်ကိုသိလိုပါတယ်ဆရာ။ ပန်းကလေး နဲ့ ပန်းလေး၊ အိမ်ကလေး နဲ့ အိမ်လေး၊ ဘယ်လိုအသုံးအနှုန်းက ပိုသင့်တော်ပါသလဲခင်ဗျ။

သတ်ပုံကျမ်းအလိုအရ လူကလေး၊ မိန်းကလေး၊ ညီကလေး၊ ညီမကလေး၊ ဦးလေး၊ ကလေးကလားလို့ ရေးပါတယ်။ စကားပြောရာမှာ တချို့က (က) မပါဘဲ ပြောချင်ကြတယ်။ ကဗျာ၊ သီချင်းစတာတွေမှာတော့ ကာရန်၊ အသံ၊ ဟန်၊ မာန်အရ ရေးလေ့ရှိကြတယ်။

မောင်လေးရေ ထပါတော့၊ ရောင်နီ လာလှပေါ့။ တကြော့နှစ်ကြော့ တေးကိုသီ၊ ငှက်ကျား နှုတ်ပလီ။

တက္ကသိုလ်ဘုန်းနိုင်က ညီမလေးရယ်စိုးရိမ်မိတယ်ဝတ္တုရေးတယ်။

မြသန်းတင့်ရဲ့ ဘာသာပြန်စာအုပ်က လူလေးသို့ပေးစာများ။

ဗန်တိုလူလေးနှင့်သူဇာ ရုပ်ရှင်ရှိတယ်။

လူကလေးတဲ့ချော့စရာ ကလေးကဗျာရှိတယ်။

ဒေါက်တာတင့်ဆွေ
၂၀-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး