မိခင်ဘာသာစကား

မြန်မာပြည်ကနေ ၁၉၉၀ ခုနှစ်အကုန်ကထွက်ခဲ့ရပြီး သူများတိုင်းပြည်တွေမှာ နေရပါတယ်။ ကျွန်တော့်ပြည်ပဘဝမှာ တိုင်းရင်းသားတွေ၊ နိုင်ငံခြားသားတွေနဲ့ လုပ်ကိုင်ခဲ့ရပါတယ်။ အိမ်မှာတော့ ဗမာစကားသာပြော ကြတယ်။ နားထဲမှာတော့ တိုင်းရင်သားစကားတခုခု၊ ဟင်ဒီနဲ့ အင်္ဂလိပ်စကားသံတွေသာ အမြဲကြားနေခဲ့ရတာ ၂၈ နှစ် ကြာတယ်။

တခါက နိုင်ငံရေးမိတ်ဆွေတယောက်ကို ထိုင်းနယ်စပ်ကနေ ဒေလီကိုလာဖို့ ခေါ်ခဲ့တယ်။ ဇေယျဝတီမှာနေခဲ့တဲ့ အိန္ဒိယလူမျိုး။ ရောက်ရောက်ချင်း ဒီကိုရောက်တာ အထူးခြားဆုံးကဘာလဲလို့မေးတော့ ဖြေပါတယ်။ သူ့တသက်မှာ ကုလားတွေ ဒီလောက် အများကြီးကို ပဌမဆုံးအကြိမ် တွေ့ဖူးတာပဲတဲ့။

တမြန်နှစ်က ကိုယ့်တိုင်းပြည်ပြန်တော့ ဘာအထူးခြားဆုံးလဲမေးရင် ဖြေချင်တယ်။ မမေးကြလို့သာ။ စင်္ကာပူလေယာဉ်ပေါ် တက်ကတည်းက ဗမာစကားသံတွေချည်းပဲ။ ကိုယ့်နားကို မယုံချင်သလို။

မိခင်ဘာသာစကားသံပြန်ကြားရခြင်းဟာ ပြန်လည်မွေးဖွားခြင်းတမျိုးဖြစ်ပါတယ်။ ကိုယ့်ဘာသာစကားနဲ့ ကိုယ့်စာကိုလည်း အလွန်တန်ဖိုးထားတယ်။

ဒေါက်တာတင့်ဆွေ
၂၀-၅-၂၀၁၈
၂၀-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး