ကို နှင့် ကိုယ်

စောစောက ကိုယ့်ကိုယ်ကို တင်ပြပြီးပြီ။ တချို့က တလွဲသင်ပေး၊ တချို့က တလွဲရေးနေကြတယ်။

ကို = ကံဝိဘတ်
သူ့ကို စာအုပ်ပေးလိုက်ပါ။

သူ့ကို၊ ငါ့ကို၊ မင့်ကို၊ သူမကို၊ မောင်ဘကို၊ သူများကို၊ သူတို့ကို၊ တယောက်စီကို၊

ကိုယ့်ခန္ဓာကိုယ်ကို၊ မိမိကိုယ်ကို၊ ကိုယ့်ကိုယ်ကိုအားကိုပါ၊ ကိုယ့်အသက်ကိုသတ်ခြင်း၊ သူတပါးအသက်ကိုသတ်ခြင်း၊ ကိုယ့်ကိုယ်ကိုသတ်ခြင်း၊

အတ္တာဟိ အတ္တနော နာထော အနက်အဓိပ္ပာယ်
မိမိကိုယ်သာ မိမိ ကိုးကွယ်ရာဖြစ်၏။ (အတ္တာဟိ = မိမိကိုယ်သာ၊ အတ္တနော = မိမိ၏၊ နာထော = ကိုးကွယ်ရာ ဖြစ်၏။)

အတ္တကထ = မိမိသည်ပြုအပ်သည်။
အတ္တကိလမထ = ကိုယ်၏ပင်ပန်းခြင်း။
အတ္တဂရဟီ = မိမိကိုယ်ကို ကဲ့ရဲ့တတ်သည်။
အတ္တဃည = ကိုယ်ကိုသတ်ခြင်း။
အတ္တဃာတ = ကိုယ်ကိုသတ်ခြင်း။ မိမိကိုယ်ကိုသတ်သောသူ။
အတ္တညူ = မိမိကိုယ်ကိုသိသည်။
အတ္တဒန္တ = မိမိကိုယ်ကို ဆုံးမအပ်သည်။
အတ္တဒိဋ္ဌ= ကိုယ်ကိုစွဲသောအယူ။

ဒေါက်တာတင့်ဆွေ
၂၀-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး