အလည်သွားရင်း နေ့လယ်စာစားခဲ့၏

၁။ အလယ်လာသူ ကျမတို့ဆရာ စကားမဝဲပါ ရှင့်။ (အလည်လာ)

၂။ အမှန်ပါဆရာ ကျမတို့အလယ်ပြန်ချိန် မြန်မာစကားပြောကြတာ သူတို့ပြောတာကျမကမရှင်း ကျမပြောတာသူတို့က နားမလယ် (နာမလည်။ အလယ်မဟုတ်)

၃။ ဆရာရှင့် နေ့ခင်းပိုင်အချိန်ကို နေ့လယ်လို့ ရေးရမလား နေ့လည် လို့ရေးသားရမလား ဝေခွဲမရဖြစ်နေလို့ လေးစားစွာဖြင့်မေးလိုက်ပါသည်။ ကျေးဇူးပါဆရာ။ နေ့ခင်းပိုင်း အချိန်ရေးသားခြင်းကိုပါ။ (နေ့လယ်ကအမှန်)

၎။ ရေလည်စေတီက ရေလည်က အမှန်လား၊ ရေလယ်မှ မှန်မှာလားဆရာ။
ရေလယ်က အမှန်။

၅။ ကျွန်မ နားမလယ်ဘူး။ (နာမလည်ဘူးက အမှန်)

လယ်
ကလယ်လူမျိုး
တစလယ် (၂ လမြူ = တလမြက်၊ ၂ လမြက် = တစလယ်၊ ၂ စလယ် = တခွက်၊ ၂ ခွက် = တပြည်)
ပင်လယ်ကသစ်ပင်
ဖလယ် (ယခင်သတ်ပုံ)
ဗဟိုအလယ်
မွမ်းမံခြယ်လယ် (နောက်သတ်ပုံ = ချယ်လှယ်)
မြစ်ပင်လယ်
လယ်ကိုင်းစား
လယ်ခွန်ယာနက်
လယ်တမန်းကျမ်း၊
လယ်တီ၊
လယ်ပတူပင်
လယ်ဗုစွန် (ယခင်သုံး)
လယ်ယာကိုင်းကျွန်း
လယ်ယာလုပ်ငန်း
လယ်သူမ
လယ်ကော
လယ်သောက်ကန်
အလယ်ဗဟို
အလယ်လတ်
နေ့လယ်ခင်း
နေ့လယ်စာ
အောင်ပင်လယ်

လည်
ချာချာလည်
စိန်လည်တုန်
နားလည်
မန်လည်ဆရာတော်
မျက်စိလည်
လည်ကပ်တန်ဆာ
လည်ကုပ်
လည်ချိုင့်
လည်စင်းခံ၊
လည်စည်း
လည်ဆံမွေး
လည်ဆွဲတန်ဆာ
လည်ညှပ်တိုင်(တံခွန်တိုင်)
လည်တံ
လည်တုံ
လည်တိုင်
လည်ပင်း
လည်ပတ်
လည်မျို
လည်ပြန်ကြည့်၊
လည်လည်ပတ်ပတ်
လည်လည်ဝယ်ဝယ်
လည်ချောင်း
လည်စေ့
လှည့်လည်
လိမ်လည်
ရေပတ်လည်
သေဉ်လည်ကြောင်မင်း

လည် နဲ့ လယ် လည်း အလွန်ကို ရောထွေးယှက်တင် ဖြစ်နေပါတယ်။ လှည့်လည်၊ လည်ပတ်ဆိုတဲ့ အနက်နဲ့ ညသတ် ပါရပါတယ်။ ရေလယ်ကောင်၊ အလယ်ဗဟို၊ အလယ်လူ စတဲ့ စကားလုံးများကတော့ အတွင်းပိုင်း အလယ်ကို ပြောတာဖြစ်လို့ ညသတ် မသုံးရပါ။ (မောင်စွမ်းရည်)

ဘယ်ကလာသလဲ၊ ဘယ်နယ်ကလဲ၊ အလယ်ကလူစကားဝဲ၏ဆိုတာ ကျွန်တော်တို့ သူငယ်တန်းဖတ်စာထဲကဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၀-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး