မြန်မာစာဖျက် ဗုဒ္ဓဝင်ပျက်

တင်ထား ရှယ်ထားကြတာတခု တွေ့ပါတယ်။ ဗုဒ္ဓဘုရားဖြင့်စဉ် ပထမ အပိုင်း ၁ မှ ၃၀ထိ အေးဆေးနားတဲ့ချိန် ကြည့်ဖို့ shareယူထားနော်တဲ့။

ထိုင်းနဲ့ မြန်မာစာတမ်းထိုး အိန္ဒိယဇာတ်ကား။ နည်းနည်းလေးကြည့်လိုက်တယ်။ သတ်ပုံတွေ သွက်သွက်ခါအောင် မှားနေတယ်။

ကွန်မင့်တခုက ယသော်ဓရာ နဲ့ မယ်တော်မာယာ နာမည်လွဲလို့ရေးထားတယ်။ ကျွန်တော်ကြည့်သလောက် -

မြတ်စွာဘုရာ၏ခမည်းတော်သုတ်ဓေါဒနမင်းတဲ့။ မြတ်စွာဘုရား၏ ခမည်းတော် သုဒ္ဓေါဒနလို့ ရေးရတယ်။

ပလင်တဲ့။ ပလ္လင်လို့ ရေးရတယ်။

နေနတ်သားကို မောတ္တာပို့တဲ့။ မေတ္တာပို့လို့ ရေးရတယ်။

ဆက်မကြည့်လိုတော့ပါ။ မြန်မာစာဖျက်လို့ ဗုဒ္ဓဝင်ပျက်တယ်။ ကုသိုလ်ဖြစ်ပါ့မလား။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး