နှာခေါင်းစည်းဖက်ရှင်

ကရိုနာဗိုင်းရပ်စ်ရောဂါစဖြစ်တော့ လက်ဆေးကြပါလို့ ရေးပါတယ်။ ရိုးရိုးဆပ်ပြာနဲ့သာ စက္ကန့် ၂၀ ကြာဆေးပါ။ တတောင်ဆစ်ထဲမှာ ချောင်းဆိုး နှာချေပါလို့လည်း အကြံပေးခဲ့တယ်။ အဲတာတွေနောက်မှသာ နှာခေါင်းစည်းလာတယ်။

နှာခေါင်းစည်းကသာ ဖက်ရှင်လိုဖြစ်လာတယ်။ လက်ဆေးကြသလား မသိ။ ခါတိုင်းလိုပဲ ချောင်းဆိုးချင်သလို ဆိုးနေကြသလားလည်း မသိပါ။

ကူးစက်ရောဂါကြီး ငြိမ်ကျသွားလည်း အဲဒီကျန်းမာရေး ယဉ်ကျေးမှုကို တသက်လုံးရသွားကြစေချင်တယ်။ ရေဒီယို အင်တာဗျူးမှာလည်း ပြောခဲ့တယ်။

ကျောင်းတွေပြန်ဖွင့်ရင် ဆရာဆရာမတိုင်း ကျောင်းသူကျောင်းသားတိုင်း ကျောင်းမှာသာမက ကျောင်းထွက်တော့လည်း အဲဒီကျန်းမာရေး ယဉ်ကျေးမှုကို ကျင့်သုံးတတ်ကြစေချင်တယ်။

ဖက်ရှင်ဆိုတာ ခေတ်တခုသာ ခံတယ်။ ဟိုအရင်က ထဘီတိုဖက်ရှင်၊ ခေါင်းလောင်ဘောင်းဘီဖက်ရှင်တွေ ခေတ်စားခဲ့တယ်။ ရုပ်ရှင်မင်းသား မင်းသမီးတွေ ပြင်တာဆင်တာလိုက် အတုခိုးကြတယ်။ ကြာကြာမခံပါ။

အမေနဲ့ ကလေး လက်မကြာခဏဆေးတာနဲ့ ကူးစက်ရောဂါအတော်များများ မဖြစ်စေနိုင်ပါ။

ကျန်းမာရေး ယဉ်ကျေးမှုတွေကို တသက်လုံးရသွားကြစေချင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၀-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး