သူတလူ ငါတမင်း

သူတမျိုး၊ ငါတဖုံ အကွဲကွဲအပြားပြား။

ဂုဏ်ထူးဦးသိန်းနိုင်ရေးသားတဲ့ ခက်ဆစ်ဘဏ်စာအုပ်ထဲကဖြစ်ပါတယ်။ ကျောင်းသုံးမြန်မာစာအတွက် ခက်ဆစ်တွေကို ရှင်းပြထားတယ်။

ဦးသိန်းနိုင်က ဆယ်တန်းကနေ ဝိဇ္ဇာတန်းခေါ် ဘီအေဘွဲ့ပြီးတဲ့အထိ တန်းစဉ်တိုင်းမှာ မြန်မာစာဂုဏ်ထူးရခဲ့သူဖြစ်တယ်။ သူက ကျွန်တော်ဆယ်တန်းအထိနေခဲ့တဲ့ မုံရွာမြို့ အထက (၂) ကနေ ပဌမဆုံးဂုဏ်ထူးရတဲ့ ကျောင်းသား။ သူနဲ့ ကျွန်တော်တို့ရဲ့ မြန်မာစာဆရာက ဦးချစ်မောင်ဦး ခေါ် ဘုတလင်ချစ်လေး။

ခက်ဆစ်ဘဏ်စာအုပ်အစမှာ နဲနဲဘဲပြောမယ်လို့ ရေးတယ်။ ခုခေတ်မှာလို ပဲ နဲ့ ဘဲကို ဖေါ်မြူလာမထုတ်ပါ။ နည်းနည်းကို စကားပြောရေးသလို နဲနဲလို့ရေးတယ်။ မနေ့ညက တင်ပြထားတဲ့ ဗုဒ္ဓသာသနာတော် ၂၅၀၀ ခရီးထဲမှာ ဖြေးဖြေးလို့ ရေးထားတယ်။

မြန်မာစာဟာ အင်မတန်လေးနက် နူးညံ့ သိမ်မွေ့ပြီး ချစ်စရာကောင်းတယ်။ မြန်မာစာကို စစ်မိန့်၊ ရဲမိန့်၊ အုပ်ချုပ်ရေးမိန့်တွေ ပေးသလို ဒါမှဒါ၊ ဒါကလွဲရင် မရေးရလုပ်တာ သင့်မှန် မွန်မြတ်ခြင်း မရှိပါ။

တ ရေးပြီးတာနဲ့ စမသတ်ရ မနေနိုင်တဲ့ရောဂါ ကင်းပျောက်ပါစေသတည်း။ မြန်မာစာကို ချစ်တတ်ကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၀-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး