ပန်းပုသူဇာခင်

ဆရာ ဒီသတ်ပုံအကြောင်းလေး တင်ပေးပါလို့ တောင်းဆိုပါရစေဆရာ။ လျှင် နှင့် ရင် သုံးနှုံးပုံတွေပါ။ လျှင် ကို အတိတ်ကာလက အနာဂတ်ကို မျှော်တွေးပြီး ပြောဆိုရာမှာ သုံးနှုံးပြီး၊ ရင် ကို အနာဂတ်သက်သက် သုံးနှုံးတာလို့ ထင်မိပေမဲ့ မသေချာပါဆရာ။

ရင်
ရင်ကမ်းပန်း၊
ရင်ကျပ်ရောဂါ၊
ရင်ကြားစေ့ရေး၊
ရင်ခုန်သံ၊
ရင်ချောင်ဆေး၊
ရင်စေ့အင်္ကျီ၊
ရင်စည်းပဝါ၊
ရင်တုန်နေသလား၊
ရင်ပေါင်တန်းလိုက်ပါ၊
ဘုရားရင်ပြင်တော်၊
ရင္ဖံုးအက်ႌ၊
ရင္ဘတ္စည္တီး၊
ထဘီရင်ရှားဝတ်ထားသည်၊
ရင်သပ်အံ့သြ၊
ရင်အုပ်၊
ရင်အုံ။

လျှင်
သွားလျှင်၊
လာလျှင်၊
တလလျှင်၊
ပြောလျှင်၊
ဆိုလျှင်။

မိုးဦးကာလ ချောင်းကျပြီဆိုလျှင်၊ ပန်းလောင်ကြောမှာ ပိန်းကောလှေငယ်ရှင်၊ တောင်ဖက်ကယ်တခွင် ထွက်ဝင် ဖောက်ကား၊ ပဲ့ပါမည့်သူ မပါလူ ထိုးသူတယောက်သာငယ်နှင့်လေး။ (ဝန်ကြီး ပဒေသရာဇာ)

ပန်းပုသူဇာ (မန္တလေးဦးဘသိန်း)
အရင် ဟိုနှစ်တုန်းကပေါ့ဗျာ အောင်ပွဲတွင် ခင် အဝါရောင်ဖျော့ဖျော့ နန်းဆင်ချိတ်ကိုပဲ သူမြန်းဆင်
မှတ်မိပါသေးတယ် အဲဒီတုန်းက သူ့အသွင် မန်းဆန်ဆန်နဂိုယဉ် အလွန်အကျွံ မပြုပြင်
တဖြည်းဖြည်းသူ့ အနားရောက်တော့ရင် အမြင်သစ်အတွေ့သစ်ခင်မင် သံသရာငွေ့ ထင်
အနီးအဝေး ရှုတိုင်းလှတဲ့ခင် ဆုတောင်းကောင်းတဲ့ အပျိုစင် ဆိုစရာအပြစ်မမြင်
စံနမူနာတင် စာတွေ့အလှဘုရင် ဥမာဒန္တီ ပပဝတီနဲ့ပင် သူတို့ကိုလည်း မမြင်ဘူးလို့  ယှဉ်တုလို့ ဖြင့် မဆိုချင်
ကိုယ်ထင်ရာ အမွှန်းတင် သူပဲအလှဘုရင် တရေးရေး စွဲစွဲလန်းလန်းခင်
ကံကောင်း ထောက်မလို့ ပင် တနေ့သော အခါတွင် မွန်မွန်ရည်ရည် ဧည့်ဆောင်တခုတွင်
ပြုံးမယောင်ယောင် နှုတ်ခွန်း ဆက်တော့ မလိုလို ကြိုတင်ထင်စား သူ့ အနားရောက်တော့ရင်
အလို ဟင် သုခုမ ဆရာတဦးရဲ့ စိတ်ကူးနု ပန်းပုသူဇာခင်။

အနောက်ကိုလျှောက်ပါလို့ အရှေ့ကိုမျော်လိုက်ရင် (သိန်းဖေမြင့်)

ပန်းပုသူဇာခင် (ကိုအံ့ကြီး) https://www.youtube.com/watch?v=yti6vCgn6y8

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး