Vaccines during pregnancy ကိုယ်ဝန်ဆောင်ချိန် ကာကွယ်ဆေးများ

၁။ ဆရာရှင့် ကျမ အသက် ၃၄နှစ် ကိုယ်ဝန် ၁၉ပတ်ပါ ဆရာ ကိုယ်ဝန်ဆောင်တွေ အနေနဲ့ တုပ်ကွေးကာကွယ်ဆေး ထိုးလို့ရပါသလား သိချင်လို့ပါရှင့်

၂။ မင်္ဂလာပါ ဆရာ ကိုယ်ဝန်ဆောင် နဲ့ Vaccination ကာကွယ်ဆေးအကြောင်း လေးသိချင်ပါတယ်ရှင်

၃။ ဆရာရှင့် ကျွန်မ အသက် ၃၇ နှစ် ကိုယ်ဝန် ၃၃ ပတ်ပါ တုပ်ကွေး ကာကွယ်ဆေး ထိုးချင်လို့ ထိုးလို့ရလား သိချင်လို့ပါရှင့်

ကိုယ်ဝန်ဆောင်တိုင်းကို Tetanus toxoid (TT, ATT) ခေါ် မေးခိုင်ကာကွယ်ဆေး ထိုးတယ်။ တလခြာပြီး ၂ ခါထိုးတယ်။ တကြိမ်ထိုးထားသူ ၅ နှစ်အတွင်းထိုးရန်မလို။ ၅ နှစ်အတွင်းက ထိုးထားခဲ့သူကိုလည်း ကိုယ်ဝန်ဆောင်ရင် တကြိမ်တော့ ထိုးပေးတယ်။

မထိုးသင့်တဲ့ကာကွယ်ဆေးများ
၁။ Chickenpox (varicella) vaccine ရေကျောက်ကာကွယ်ဆေး၊
၂။ Measles, mumps and rubella (MMR) vaccine ဝက်သက် + ပသိရောင် + ဂျာမန်ဝက်သက်ကာကွယ်ဆေး၊
၃။ Shingles vaccine ရှင်းဂဲလ် ခေါ် ဆင်ဖြူတော်ရေယုံကာကွယ်ဆေး

ယူအက်စ်အေမှာတော့ Flu (influenza) shot ခေါ် တုပ်ကွေးကာကွယ်ဆေးကိုလည်း တကြိမ်ထိုးစေတယ်။ တုပ်ကွေး ရာသီချိန်မှာသာ ထိုးလေ့ရှိတယ်။

Tdap vaccine ခေါ် ဆုံဆို့နာ + ကြက်ညှာချောင်းဆိုး ကာကွယ်ဆေးလည်း ယူအက်စ်အေမှာ ထိုးတယ်။ အဲတာက မွေးလာမဲ့ ကလေးအတွက်ဖြစ်တယ်။ အသင့်ဆုံးအချိန်က ကိုယ်ဝန် ၂၇ ပတ်နဲ့ ၃၆ ပတ်အတွင်း။

Flu Vaccine တုပ်ကွေးကာကွယ်ဆေး https://doctortintswe.blogspot.com/2014/12/influenza-vaccine.html
Pregnancy and HPV Vaccination သားအိမ်ဝကင်ဆာ ကာကွယ်ဆေး နဲ့ ကိုယ်ဝန်ဆောင် https://doctortintswe.blogspot.com/2018/02/hpv-vaccination-during-pregnancy.html
Vaccines before Pregnancy ကိုယ်ဝန်မဆောင်မီ ကာကွယ်ဆေးများ https://doctortintswe.blogspot.com/2018/03/vaccines-before-pregnancy.html
Vaccines during pregnancy ကိုယ်ဝန်ဆောင်ချိန် ကာကွယ်ဆေးများ https://doctortintswe.blogspot.com/2020/05/vaccines-during-pregnancy.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး