Warning ကန်တော့ ဆောရီး

ကျမ ယောက်ျားအသက် ၂၁ ပါ ဆီးခုံအရင်းပိုင်းနားဖောင်းပြီးအောင့်နေလို့ပါဆရာ ဆီးလည်းကျင်ပါတယ် ဆီးခုံနားဖောင်းပြီးမအောင့်ခင် - ကြီးဆေးတခါထိုးမိလိုက်ပါတယ်ဆရာ အခုကဆီးတော့မကျင်တော့ပေမဲ့ ဖောင်းပြီးအောင့်နေလို့ပါဆရာ - ဆေးထိုးတာ တလလောက်တော့ရှိပါပြီ ဆီးခုံနားဖောင်းပြီးအောင့်နေတာတပတ်ကျော်ရှိပါပြီဆရာ။

ဆောရီး အဲလိုဖြစ်သူတွေက မေးကြတာ များပြီ။ သတိလည်းပေးတာပဲ။ ဒီလိုမေးခွန်းနဲ့ အဖြေကို အများမြင်သာရာမှာ တင်ဖို့ မသင့်လို့ အရိပ်အမြွက်သာ တင်တယ်။ ဘလော့မှာတော့ တင်ထားတယ်။

ဆီးလမ်းအထူးကုနဲ့ ခွဲစိတ်ထုတ်ပစ်ရတယ်။ အဲတာလည်း အကုန်ထုတ်မရ တချို့ လူဖြစ်ရှုံးကြရတယ်။ ဆောရီး။ ကန်တော့။

ဟုတ်ကဲ့ပါ ဆရာ မမေးသင့်တာ မေးမိသလိုဖြစ်သွားရင် တောင်းပန်ပါတယ်ဆရာ ကျေးဇူးတင်ပါတယ်ဆရာ။

မမေးသင့်တာ မဟုတ်ပါ။ မေးသင့်ပြီး မလုပ်သင့်ခဲ့တာဖြစ်ပါတယ်။ ဘလော့မှာတော့ တင်ထားတယ်။ မေးတဲ့သူ ၃၀ လောက်ရှိပြီ။

ဒေါက်တာတင့်ဆွေ
၁၄-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး