ရွှေဥဒေါင်းရေးသားတဲ့ စုံထောက်ဦးစံရှား
ဟယ် ကိုယ့် လူက သိပ်ဟုတ်နေပါပြီလား။ ကိုသိန်းမောင်က ကိုယ်ပိုင်ဥာဏ် သိပ်ပြီး မပွင့်လင်းပေမယ့် ဥာဏ်ဓာတ် ကူးနိုင်တဲ့လူမျိုး ထင်ပါရဲ့။ ကိုယ့်လူနဲ့ပေါင်းရတာ တခါတခါမှာ ကျုပ်အဖို့ သိပ်ပြီး ဥာဏ်တိုးစေတယ်ဗျာ။ ကျေးဇူးပါဘဲ။
ဦးစံရှားမှာ လူတဖက်သားကို ချီးမွမ်းခဲလှသည့်ပြင် ကျွန်တော်မှာ သူ၏ချီးမွမ်းခြင်းထက် ကဲ့ရယ်ပြစ်တင်ခြင်းကိုသာ ခံခဲ့ရဘူးလေရကား ယခုကဲ့သို့ ချီးကျူးပြောဆိုခြင်းအတွက် များစွာ နှစ်သက်အားရခြင်းဖြစ်မိ၏။ တုတ်ကောက်ကိစ္စ၌ ကျွန်တော်မှာ ဦးစံရှား၏ စဉ်းစားနည်းကို အတုယူကာ ဆင်ခြင်ရာတွင် ဦးစံရှားကိုယ်တိုင် ချီးမွမ်းခြင်းခံရသဖြင့် ဝမ်းမြောက်မိ၏။
ဦးစံရှားသည် တုတ်ကောက်ကို ကျွန်တော်၏လက်မှ လှမ်းယူ၍ အမှတ်တမဲ့ ကြည့်ရှုလေရာ ကြည့်ရှုရင်းပင် စိတ်ပါလာသည့်လက္ခဏာနှင့် ပြတင်းပေါက်သို့ ချဉ်းကပ်ကာ မှန်ဘီလူးငယ်ဖြင့် ကြည့်ပြန်သေး၏။
အင်း တယ်ပြီးတော့ မဆန်းလှပါဘူး။ ဒါပေမယ့် ထူးခြားတဲ့ အချက်ကလေး တချက်နှစ်ချက်တော့ဖြင့် တွေ့ရပါရဲ့။ ကောက်တတ်ရင်တော့ အဓိပ္ပာယ်တွေ ထွက်လာမှာပေါ့လေ။
ရွှေဥဒေါင်းရေးသားတဲ့ စုံထောက်ဦးစံရှား (ပေါင်းချုပ်) စာအုပ်ကို ပုဂံတိုက်က ၁၉၇၄ ခုနှစ်မှာ ထုတ်ပါတယ်။ သတ်ပုံနမူနာ နည်းနည်းလေးသာ တင်ပြပါတယ်။
ခုခေတ်မြန်မာစာပါမောက္ခတွေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ အယ်ဒီတာတွေကတော့ တခါတခါမှာကို တခါတခါမှာလို့ မရေးကြပါ။ လူတဖက်သားကို လူတဖက်သားလို့ မရေးကြပါ။ တချက်နှစ်ချက်တော့ဖြင့်ကို တချက်နှစ်ချက်တော့ဖြင့်လို့ မရေးကြပါ။
စားရေးနေသူ အများစုက အမှတ်တစ်မဲ့ တဲ့။ သိပ်ပီးတဲ့။ ကျေးဇူးပါဘဲကို မ မပါလို့ ကျေးဇူးပါပဲတဲ့။
ရွှေဥဒေါင်းစာအုပ်တွေကို ပြန်ထုတ်သူတွေက သူတို့တတ်တဲ့သတ်ပုံနဲ့ ပြင်ကြတယ်။ မလုပ်ကောင်းပါ။
၁၉၇၄ ခုနှစ်က မြန်မာ့ဆိုရှယ်လစ်ခေတ်။ နောက်တက်စစ်အစိုးရခေတ်မှာ မြန်မာစာ ဗြောင်းဆန်ကုန်တော့တယ်။ အခုထိ။
ဒေါက်တာတင့်ဆွေ
၂-၆-၂၀၂၀

Comments
Post a Comment