သစ္စာဆောင်

တမြန်နှစ်က ဒီလိုနေ့မှာ လွန်ခဲ့တဲ့ ၂၈ နှစ်ကသိမ်းထားခဲ့တဲ့ သံသေတ္တာလေးကို ဖွင့်ပါတယ်။ လုံခြုံရေးအတွက် မီးရှို့ ဖျက်ဆီးတာမခံရပဲ ချန်ထားတာလေးတွေသာ တွေ့ရတော့တယ်။

သစ္စာဆောင် (၁၉၆၈-၆၉) က သမိုင်းမေဂျာကျောင်းသူ မတင်တင် ခေါ် မမြမြအေးဓါတ်ပုံလည်း ပြန်တွေ့တယ်။

ကိုယ်တို့ငယ်ငယ် ဟိုခါတုန်းက ပြောမရ ဆိုမရ မိုက်ခဲ့ကြတာတွေ

ချစ်သောဖေဖေ ချစ်သောမေမေ ကရုဏာဒေါသာနဲ့ ဆုံးမခဲ့ပေ

အသဲဘဝင်မှာ မနာတတ်သောအရွယ်ပေ

မြမျက်ရည် ပုလဲမျက်ရည် စိမ့်စမ်းသွယ် မျက်ရည် သို့သော် အစဉ်ပူနွေးနေ။

သစ္စာဆောင်ရှိရာ မန္တလေးတက္ကသိုလ်ကိုလည်း ရောက်ခဲ့ကြတယ်။ ကျောင်းသူတွေ မရှိပါ။ တက္ကသိုလ်ပညာရေးနဲ့ ကျောင်းသူတွေ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၂-၆-၂ဝ၁၈
၂-၆-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး