မပြေးသော် ကန်ရာရှိ

မပြေးသော်လည်းကံရာရှိ ဆိုတဲ့ စကာပုံရဲ့အဓိပ္ပါယ်သိပါရစေဆရာ

မပြေးသော် ကန်ရာရှိ ဖြစ်ပါတယ်။ ကံ နဲ့ ကန် အတော်ကို မတူပါ။

တယောက်ယောက်ကို ဖမ်းဆီးထားပြီး ဘယ်မှမပြေးနဲ့ ပြောထားတယ်။ အလစ်မှ ထွက်ပြးဖို့ ကြိုးစားတယ်။ ထွက်မပြေးသာ။ စစ်ဆေးကြတော့ ထွက်မပြေးပေမဲ့၊ ထွက်ပြေးဖို့ကြိုးစားမှုကြောင့် ခြေကန်ထားတာကို တွေ့တယ်။ မပြေးသော်လည်း ခြေကန်ထားတဲ့အရာရှိတယ်။

အဖြစ်အပျက်တွေမှာ လုပ်ဆောင်ခဲ့တာတွေကို သူမလုပ်ရပါလို့ ငြင်းဆန်ပေမဲ့ လုပ်ခဲ့ကြောင်း ခြေရာလက်ရာ အစအနတွေ့တာကို တင်စားပြောဆိုလေ့ရှိကြတယ်။

ဒေါက်တာတင့်ဆွေ
၃-၆-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး