Antibiotics ပဋိဇီဝေဆးမ်ား

VOA အင္တာဗ်ဴး https://burmese.voanews.com/pp/5487270/ppt0.html

(Zawgyi/Unicode)

ကိုဗစ္ ၁၉ အတြက္ ေဆးမေတြ႔ေသးခင္မွာ ကုိယ့္ကိုယ္ကို ကာကြယ္ေရးကို အဓိကထား လုပ္ေဆာင္သင့္တယ္လို႔ ေဒါက္တာတင့္ေဆြက ေျပာပါတယ္။ ကိုရိုနာဗုိငး္ရပ္စ္ ပိုးေၾကာင့္ ျဖစ္တဲ့ ဒီေရာဂါကို ဘက္တီးရီးယား အတြက္ သံုးတဲ့ ပဋိဇီဝေဆးေတြနဲ႔ အစားထိုး မသံုးၾကဖို႔လည္း သတိေပးပါတယ္။ ေဒါက္တာတင့္ေဆြကို ေဒၚခင္မ်ိဳးသက္က ဆက္သြယ္ ေမးျမန္းတဲ့ အခါ ကူးစက္ေရာဂါအတြက္ ပိုးေတြနဲ႔ ပတ္သက္ၿပီး အခုလို စေျပာပါတယ္။

ေဒါက္တာတင့္ေဆြ။ ။ ကူးစက္ေရာဂါကို ျဖစ္ေစတဲ့ပိုးအမ်ိဳးမ်ိဳးရွိပါတယ္။ ဘက္တီးရီးယား ဆိုတဲ့အေကာင္ေတြနဲ႔ ဗုိင္းရပ္စ္ ဆုိတဲ့အေကာင္ ေပါ့ အမ်ားဆံုး ၂ မ်ိဳးေပါ့ေနာ္ ေနာက္ထပ္လည္း ရွိေသးတာေပါ့ မိႈပိုးေတြ ၊ ကပ္ပါးေတြ စသျဖင့္ ပိုးအမ်ိဳးမ်ိဳးရွိတယ္။ ဗုိင္းရပ္စ္နဲ႔ ပတ္သက္ရင္ေတာ့ ဗုိင္းရပ္စ္ကို ေသေစတဲ့ေဆးကေတာ့ အခုအထိ မရွိဘူး သို႔ေသာ္ ဗုိင္းရပ္စ္ကလည္း ေရာဂါအမ်ိဳးမ်ိဳးဆိုေတာ့ ၾကက္ဌက္တုပ္ေကြးကိစၥေတြ Swine flu ဆိုတဲ့ ဗုိင္းရပ္စ္ေတြေပါ့ေနာ္။ တခ်ိဳ႕ ဗုိင္းရပ္စ္ေရာဂါေတြအတြက္ အသံုးက်ႏိုင္မယ့္ ဗုိင္းရပ္စ္ေဆးေတြေတာ့ ရွိပါတယ္ခင္ဗ်။

သို႔ေသာ္ အခု Coronavirus အတြက္ေတာ့ အခုအထိ မရွိေသးဘူးခင္ဗ်။ ဥပမာ -Tamiflu ဆိုရင္ Swine Flu ကိစၥ ၊ H1N1 တို႔မွာ ရွိသလို အခုအထိေတာ့ COVID-19 အတြက္ တိက်ခိုင္မာတဲ့ ေဆးမရွိေသးဘူး။ အဲဒီအဲမွာ ဘက္တီးရီးယား ဆိုတဲ့ပိုးကေတာ့ ေဆးရွိတယ္လို႔ က်ေနာ္တုိ႔ ေျပာႏိုင္ပါတယ္။ သို႔ေသာ္ ေနာက္ပိုင္းမွာ ေဆးယဥ္သြားတဲ့ ျပႆနာေတြေပါ့ေနာ္။ ဒီ ပဋိဇီဝေဆး ဆိုတာက သက္ရွိ အရာတခုကေန ထုတ္ယူၿပီးေတာ့ လူသားေတြေပါ့ေနာ္ တိရိစာၦန္ေတြလည္း ပါတယ္ တျခား သက္ရွိေတြကို ေကာင္းေစတဲ့ေဆးကို ပဋိဇီဝေဆး လို႔ေခၚတယ္။ အဲဒီေဆးေတြ ေပၚလာေတာ့မွ အင္မတန္မွ ထိေရာက္တယ္ စြမ္းတယ္ဆိုေသာ္လည္း သတိထားစရာေတြရွိပါတယ္။ အားလံုးနဲ႔ ဆိုင္တဲ့ သတိထားစရာအခ်က္ကေတာ့ ေဆးယဥ္တာပါ အဲဒီဒဏ္ကို ဒီကေန႔ တကမာၻလံုးမွာ ျဖစ္ေနပါတယ္။

ေဒၚခင္မ်ိဳးသက္။ ။ ဆိုေတာ့ ဒီ ေဆးယဥ္တဲ့ျပႆနာမ်ိဳး မျဖစ္လာေအာင္ ဘယ္လိုလုပ္သင့္ပါသလဲဆရာ။ ဘာေတြ ေရွာင္ရမလဲ ေျပာျပေပးပါဆရာ။

ေဒါက္တာတင့္ေဆြ။ ။ ေဆးယဥ္တာမျဖစ္ေအာင္ဆိုရင္ တစ္အခ်က္ကေတာ့ ပဋိဇီဝေဆးေတြကို စမ္းသပ္ ကုသေပးတဲ့ ဆရာ၀န္ ညႊန္မွာ သံုးရမယ္ ၊ ညႊန္သေလာက္ပဲ သံုးရမယ္ ဘယ္မီလီဂရမ္ဆိုရင္ ဘယ္မီလီဂရမ္၊ ဘယ္ႏွစ္ရက္ဆိုရင္ ဘယ္ႏွစ္ရက္ ။ ေနာက္တခါ အဲဒီေဆးကို မလိုအပ္ပဲ က်ေနာ္တို႔ မသံုးရဘူး ။ ေတာ္ေတာ္မ်ားမ်ား က်ေနာ္တို႔ မလိုအပ္တာေတြ ရွိပါတယ္။

က်ေနာ္တုိ႔ အေအးမိ တုပ္ေကြးဆိုရင္ လူတိုင္း ႏွစ္တိုင္း အမ်ားႀကီးျဖစ္ေနၾက ဘာပဋိဇီဝေဆးေတြမွ က်ေနာ္တို႔ မလိုဘူး။ ၀မ္းသြားတယ္ဆိုပါေတာ့ အဲဒီဟာလည္း ဘက္တီးရီးယားေၾကာင့္ျဖစ္တာမဟုတ္ဘူး ၉၀ ရာခိုင္ႏႈန္းက ဗုိင္းရပ္စ္ေၾကာင့္ျဖစ္တာ။ အဲဒါ တခ်ိဳ႕က ပိုးေသေအာင္ ေသာက္ေတာ့ ေဆးယဥ္တာေတြ ျဖစ္ၾကတယ္၊ Side effects ေတြ မလိုလားအပ္တဲ့ ဆိုးက်ိဳးေတြ ခံစားၾကရတယ္ အဲဒါေၾကာင့္ အခုလို မီဒီယာကေနၿပီးေတာ့ ေဆးပညာအသိကို မ်ားမ်ား လက္လွမ္းမီတဲ့ ေဒသေတြအထိေရာက္ေအာင္ လုပ္ႏိုင္ရင္ က်ေနာ္တို႔ တိုင္းျပည္အတြက္ေဆးေတြကိစၥကလည္း နည္းနည္းသက္သာႏိုင္မယ္လို႔ ထင္ပါတယ္ခင္ဗ်။

ေဒၚခင္မ်ိဳးသက္။ ။ အဓိက ဘက္တီးရီးယားနဲ႔ ဗုိင္းရပ္စ္ ကို ခြဲၿပီးမသိၾကတာေပါ့ေနာ္ ဆရာ။

ေဒါက္တာတင့္ေဆြ။ ။ ဘက္တီးရီးယားနဲ႔ ဗုိင္းရပ္စ္ေရာ ေနာက္တျခား ပိုးေတြေရာေပါ့ေနာ္ မိႈပိုး Fungus လုိ႔ေခၚတာေတြ အဲဒါေတြလည္း အမ်ားႀကီး က်ေနာ္တို႔ ျဖစ္ေနၾကတာ ေနာက္ၿပီး သန္ေကာင္ဆိုတာမ်ိဳးကလည္း တမ်ိဳးေပါ့ဗ်ာ ။ ဌက္ဖ်ားဆိုတာ ပိုးတမ်ိဳး ဆိုေတာ့ သူ႔ပိုးအလိုက္ ေဆးေတြ က်ေနာ္တို႔ ေရြးရတယ္။ Antibiotics (ပဋိဇီဝေဆး) ကေတာ့ ဘက္တီးရီးယား အတြက္ပဲ ေဆးယဥ္တာလည္း အဲဒါေတြ တျခားဟာေတြက ဒီေလာက္ ေဆးယဥ္တဲ့ ျပႆနာ မရွိဘူး။

ေဒၚခင္မ်ိဳးသက္။ ။ COVID-19 က ဘက္တီးရီးယားေၾကာင့္ျဖစ္တာမဟုတ္ဘူးဆိုတာကို နားလည္ၿပီးေတာ့ ဒီဘက္တီးရီးယား အတြက္ ေသာက္ေနတဲ့ ပိုးသတ္ေဆးလိုမ်ိဳးကို မသံုးမိဖို႔အတြက္ ေပါ့ေနာ္ ဆရာ။

ေဒါက္တာတင့္ေဆြ။ ။ ေတာ္ေတာ္အေရးႀကီးတယ္ခင္ဗ် ဒီ Coronavirus ကို ဘယ္ Antibiotics (ပဋိဇီဝေဆး) ေဆးေတြနဲ႔ မရဘူး ။ တျခားအေထာက္အကူျပဳတဲ့ေဆးေတြေတာ့ အမ်ားႀကီးေတာ့ ရွိတာေပါ့ေနာ္ Vitamin-C လို႔လည္း ေျပာၾကတာပဲ ။ သို႔ေသာ္ ဘယ္ဟာမွ ခိုင္ခိုင္မာမာ ဒီေရာဂါကို ကာကြယ္ႏိုင္တဲ့ ေဆးမရွိတာက အမွန္ပါပဲ ။ ဘာလုပ္ရမလဲဆိုေတာ့ ကိုယ့္ ကိုယ္ခံအား ေကာင္းေနေအာင္ က်ေနာ္တို႔ ေနတတ္ဖို႔လိုပါတယ္။ ကိုယ္ခံအားေကာင္းဖို႔ ေဆးေသာက္ရတာမဟုတ္ဘူး။ ကိုယ္ခံအားေကာင္းတဲ့ေဆးမရွိဘူး က်ေနာ္တို႔ ပံုမွန္ပါပဲ လူေတြ ထမင္း ၂ နပ္ဆိုရင္ ထမင္း ၂ နပ္၊ အာဟာရျပည့္၀ ေအာင္။ အာဟာရဆိုမွ လံုေလာက္တာနဲ႔ မွ်တတာ ၂ ခ်က္လိုပါတယ္။ အပိုေတြ မလိုဘူး၊ အားေဆးေတြ မလိုဘူး တကယ့္အေျခခံက်တဲ့ က်န္းမာေရး အသိေပါ့ေနာ္အာဟာရ၊ ေနာက္တခါ လူေနမႈပံုစံ မလိုအပ္ပဲနဲ႔ ေရာဂါျဖစ္တဲ့ေနရာေတြ မသြားတာမ်ိဳးေပါ့ေနာ္။

ေနာက္တခါ ေခ်ာင္းဆိုးတာ အခု Coronavirus မွာ ပထမဦးဆံုး က်ေနာ္တို႔ က်န္းမာေရးအသိေပးမွာ ေခ်ာင္းဆိုးတဲ့ကိစၥ သိတဲ့အတိုင္း ေခ်ာင္းဆိုးရင္ ဒီအတိုင္း လက္လြတ္စပယ္ ေလထဲမွာ ဆိုးတာထက္၊ ေနာက္တခါ လက္ကိုင္ပ၀ါေတြမွာ ဆိုးတာ ၊ အဲဒါေတြထက္ အခု တစ္ရွႈး တခါသံုးစကၠဴ ။ အဲဒါေတြအားလံုးထက္ အလြယ္ဆံုးကေတာ့ လူတိုင္းဟာ တံေတာင္ဆစ္မွာ ေခ်ာင္းဆိုးတဲ့နည္း အဲဒါက ေခ်ာင္းဆုိးတာေရာ ႏွာေခ်တာေရာ က ပိုက္ဆံလည္းမကုန္ဘူး ။ အဲဒီနည္းကို က်ေနာ္တို႔ ျပည္သူျပည္သားေတြ အခု Coronavirus ကေနၿပီးေတာ့ ေကာင္းတဲ့ သင္ခန္းစာတခု ယူၿပီးေတာ့ အေလ့အက်င့္လုပ္ရင္ က်ေနာ္တို႔ လူမ်ိဳးေတြဟာ က်န္းမာေရးအသိရွိတဲ့ လူမ်ိဳးပါလားလို႔ သူမ်ားေတြ ခ်ီးက်ဴးတာ ခံရႏိုင္ပါတယ္ခင္ဗ်။

ေဒၚခင္မ်ိဳးသက္။ ။ အမ်ားႀကီးေက်းဇူးတင္ပါတယ္ဆရာ ။

ကုိဗစ္ေရာဂါအတြက္ ေဆးမွားမသုံးမိၾကဖုိ႔ က်န္းမာေရးပညာ သတိေပး EMBED SHARE
ကုိဗစ္ေရာဂါအတြက္ ေဆးမွားမသုံးမိၾကဖုိ႔ က်န္းမာေရးပညာ သတိေပး
by ဗီြအိုေအ
 EMBED SHARE
The code has been copied to your clipboard.
<iframe src="https://burmese.voanews.com/embed/player/0/5487270.html?type=audio" frameborder="0" scrolling="no" width="100%" height="144" allowfullscreen></iframe>

The URL has been copied to your clipboard
Facebook တြင္ျဖန္႔ေ၀ရန္
Twitter တြင္ျဖန္႔ေ၀ရန္
https://burmese.voanews.com/a/covid-antibiotic-use-medical-warn-/5487270.html

No media source currently available

0:005:25
0:00
 တိုက္႐ိုက္ လင့္ခ္
 သီးျခားခြဲထုတ္၍ နားဆင္ႏုိင္ပါသည္။

................

ကိုဗစ်ရောဂါအတွက် ဆေးမှားမသုံးမိကြဖို့ ကျန်းမာရေးပညာ သတိပေး

(Unicode)

ကိုဗစ် ၁၉ အတွက် ဆေးမတွေ့သေးခင်မှာ ကိုယ့်ကိုယ်ကို ကာကွယ်ရေးကို အဓိကထား လုပ်ဆောင်သင့်တယ်လို့ ဒေါက်တာတင့်ဆွေက ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ပိုးကြောင့် ဖြစ်တဲ့ ဒီရောဂါကို ဘက်တီးရီးယား အတွက် သုံးတဲ့ ပဋိဇီဝဆေးတွေနဲ့ အစားထိုး မသုံးကြဖို့လည်း သတိပေးပါတယ်။ ဒေါက်တာတင့်ဆွေကို ဒေါ်ခင်မျိုးသက်က ဆက်သွယ် မေးမြန်းတဲ့ အခါ ကူးစက်ရောဂါအတွက် ပိုးတွေနဲ့ ပတ်သက်ပြီး အခုလို စပြောပါတယ်။

ဒေါက်တာတင့်ဆွေ။ ။ ကူးစက်ရောဂါကို ဖြစ်စေတဲ့ပိုးအမျိုးမျိုးရှိပါတယ်။ ဘက်တီးရီးယား ဆိုတဲ့အကောင်တွေနဲ့ ဗိုင်းရပ်စ် ဆိုတဲ့အကောင် ပေါ့ အများဆုံး ၂ မျိုးပေါ့နော် နောက်ထပ်လည်း ရှိသေးတာပေါ့ မှိုပိုးတွေ ၊ ကပ်ပါးတွေ စသဖြင့် ပိုးအမျိုးမျိုးရှိတယ်။ ဗိုင်းရပ်စ်နဲ့ ပတ်သက်ရင်တော့ ဗိုင်းရပ်စ်ကို သေစေတဲ့ဆေးကတော့ အခုအထိ မရှိဘူး သို့သော် ဗိုင်းရပ်စ်ကလည်း ရောဂါအမျိုးမျိုးဆိုတော့ ကြက်ဌက်တုပ်ကွေးကိစ္စတွေ Swine flu ဆိုတဲ့ ဗိုင်းရပ်စ်တွေပေါ့နော်။ တချို့ ဗိုင်းရပ်စ်ရောဂါတွေအတွက် အသုံးကျနိုင်မယ့် ဗိုင်းရပ်စ်ဆေးတွေတော့ ရှိပါတယ်ခင်ဗျ။

သို့သော် အခု Coronavirus အတွက်တော့ အခုအထိ မရှိသေးဘူးခင်ဗျ။ ဥပမာ -Tamiflu ဆိုရင် Swine Flu ကိစ္စ ၊ H1N1 တို့မှာ ရှိသလို အခုအထိတော့ COVID-19 အတွက် တိကျခိုင်မာတဲ့ ဆေးမရှိသေးဘူး။ အဲဒီအဲမှာ ဘက်တီးရီးယား ဆိုတဲ့ပိုးကတော့ ဆေးရှိတယ်လို့ ကျနော်တို့ ပြောနိုင်ပါတယ်။ သို့သော် နောက်ပိုင်းမှာ ဆေးယဉ်သွားတဲ့ ပြဿနာတွေပေါ့နော်။ ဒီ ပဋိဇီဝဆေး ဆိုတာက သက်ရှိ အရာတခုကနေ ထုတ်ယူပြီးတော့ လူသားတွေပေါ့နော် တိရိစ္ဆာန်တွေလည်း ပါတယ် တခြား သက်ရှိတွေကို ကောင်းစေတဲ့ဆေးကို ပဋိဇီဝဆေး လို့ခေါ်တယ်။ အဲဒီဆေးတွေ ပေါ်လာတော့မှ အင်မတန်မှ ထိရောက်တယ် စွမ်းတယ်ဆိုသော်လည်း သတိထားစရာတွေရှိပါတယ်။ အားလုံးနဲ့ ဆိုင်တဲ့ သတိထားစရာအချက်ကတော့ ဆေးယဉ်တာပါ အဲဒီဒဏ်ကို ဒီကနေ့ တကမ္ဘာလုံးမှာ ဖြစ်နေပါတယ်။

ဒေါ်ခင်မျိုးသက်။ ။ ဆိုတော့ ဒီ ဆေးယဉ်တဲ့ပြဿနာမျိုး မဖြစ်လာအောင် ဘယ်လိုလုပ်သင့်ပါသလဲဆရာ။ ဘာတွေ ရှောင်ရမလဲ ပြောပြပေးပါဆရာ။

ဒေါက်တာတင့်ဆွေ။ ။ ဆေးယဉ်တာမဖြစ်အောင်ဆိုရင် တစ်အချက်ကတော့ ပဋိဇီဝဆေးတွေကို စမ်းသပ် ကုသပေးတဲ့ ဆရာဝန် ညွှန်မှာ သုံးရမယ် ၊ ညွှန်သလောက်ပဲ သုံးရမယ် ဘယ်မီလီဂရမ်ဆိုရင် ဘယ်မီလီဂရမ်၊ ဘယ်နှစ်ရက်ဆိုရင် ဘယ်နှစ်ရက် ။ နောက်တခါ အဲဒီဆေးကို မလိုအပ်ပဲ ကျနော်တို့ မသုံးရဘူး ။ တော်တော်များများ ကျနော်တို့ မလိုအပ်တာတွေ ရှိပါတယ်။

ကျနော်တို့ အအေးမိ တုပ်ကွေးဆိုရင် လူတိုင်း နှစ်တိုင်း အများကြီးဖြစ်နေကြ ဘာပဋိဇီဝဆေးတွေမှ ကျနော်တို့ မလိုဘူး။ ဝမ်းသွားတယ်ဆိုပါတော့ အဲဒီဟာလည်း ဘက်တီးရီးယားကြောင့်ဖြစ်တာမဟုတ်ဘူး ၉၀ ရာခိုင်နှုန်းက ဗိုင်းရပ်စ်ကြောင့်ဖြစ်တာ။ အဲဒါ တချို့က ပိုးသေအောင် သောက်တော့ ဆေးယဉ်တာတွေ ဖြစ်ကြတယ်၊ Side effects တွေ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ခံစားကြရတယ် အဲဒါကြောင့် အခုလို မီဒီယာကနေပြီးတော့ ဆေးပညာအသိကို များများ လက်လှမ်းမီတဲ့ ဒေသတွေအထိရောက်အောင် လုပ်နိုင်ရင် ကျနော်တို့ တိုင်းပြည်အတွက်ဆေးတွေကိစ္စကလည်း နည်းနည်းသက်သာနိုင်မယ်လို့ ထင်ပါတယ်ခင်ဗျ။

ဒေါ်ခင်မျိုးသက်။ ။ အဓိက ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ် ကို ခွဲပြီးမသိကြတာပေါ့နော် ဆရာ။

ဒေါက်တာတင့်ဆွေ။ ။ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ရော နောက်တခြား ပိုးတွေရောပေါ့နော် မှိုပိုး Fungus လို့ခေါ်တာတွေ အဲဒါတွေလည်း အများကြီး ကျနော်တို့ ဖြစ်နေကြတာ နောက်ပြီး သန်ကောင်ဆိုတာမျိုးကလည်း တမျိုးပေါ့ဗျာ ။ ဌက်ဖျားဆိုတာ ပိုးတမျိုး ဆိုတော့ သူ့ပိုးအလိုက် ဆေးတွေ ကျနော်တို့ ရွေးရတယ်။ Antibiotics (ပဋိဇီဝဆေး) ကတော့ ဘက်တီးရီးယား အတွက်ပဲ ဆေးယဉ်တာလည်း အဲဒါတွေ တခြားဟာတွေက ဒီလောက် ဆေးယဉ်တဲ့ ပြဿနာ မရှိဘူး။

ဒေါ်ခင်မျိုးသက်။ ။ COVID-19 က ဘက်တီးရီးယားကြောင့်ဖြစ်တာမဟုတ်ဘူးဆိုတာကို နားလည်ပြီးတော့ ဒီဘက်တီးရီးယား အတွက် သောက်နေတဲ့ ပိုးသတ်ဆေးလိုမျိုးကို မသုံးမိဖို့အတွက် ပေါ့နော် ဆရာ။

ဒေါက်တာတင့်ဆွေ။ ။ တော်တော်အရေးကြီးတယ်ခင်ဗျ ဒီ Coronavirus ကို ဘယ် Antibiotics (ပဋိဇီဝဆေး) ဆေးတွေနဲ့ မရဘူး ။ တခြားအထောက်အကူပြုတဲ့ဆေးတွေတော့ အများကြီးတော့ ရှိတာပေါ့နော် Vitamin-C လို့လည်း ပြောကြတာပဲ ။ သို့သော် ဘယ်ဟာမှ ခိုင်ခိုင်မာမာ ဒီရောဂါကို ကာကွယ်နိုင်တဲ့ ဆေးမရှိတာက အမှန်ပါပဲ ။ ဘာလုပ်ရမလဲဆိုတော့ ကိုယ့် ကိုယ်ခံအား ကောင်းနေအောင် ကျနော်တို့ နေတတ်ဖို့လိုပါတယ်။ ကိုယ်ခံအားကောင်းဖို့ ဆေးသောက်ရတာမဟုတ်ဘူး။ ကိုယ်ခံအားကောင်းတဲ့ဆေးမရှိဘူး ကျနော်တို့ ပုံမှန်ပါပဲ လူတွေ ထမင်း ၂ နပ်ဆိုရင် ထမင်း ၂ နပ်၊ အာဟာရပြည့်၀ အောင်။ အာဟာရဆိုမှ လုံလောက်တာနဲ့ မျှတတာ ၂ ချက်လိုပါတယ်။ အပိုတွေ မလိုဘူး၊ အားဆေးတွေ မလိုဘူး တကယ့်အခြေခံကျတဲ့ ကျန်းမာရေး အသိပေါ့နော်အာဟာရ၊ နောက်တခါ လူနေမှုပုံစံ မလိုအပ်ပဲနဲ့ ရောဂါဖြစ်တဲ့နေရာတွေ မသွားတာမျိုးပေါ့နော်။

နောက်တခါ ချောင်းဆိုးတာ အခု Coronavirus မှာ ပထမဦးဆုံး ကျနော်တို့ ကျန်းမာရေးအသိပေးမှာ ချောင်းဆိုးတဲ့ကိစ္စ သိတဲ့အတိုင်း ချောင်းဆိုးရင် ဒီအတိုင်း လက်လွတ်စပယ် လေထဲမှာ ဆိုးတာထက်၊ နောက်တခါ လက်ကိုင်ပဝါတွေမှာ ဆိုးတာ ၊ အဲဒါတွေထက် အခု တစ်ရှှုး တခါသုံးစက္ကူ ။ အဲဒါတွေအားလုံးထက် အလွယ်ဆုံးကတော့ လူတိုင်းဟာ တံတောင်ဆစ်မှာ ချောင်းဆိုးတဲ့နည်း အဲဒါက ချောင်းဆိုးတာရော နှာချေတာရော က ပိုက်ဆံလည်းမကုန်ဘူး ။ အဲဒီနည်းကို ကျနော်တို့ ပြည်သူပြည်သားတွေ အခု Coronavirus ကနေပြီးတော့ ကောင်းတဲ့ သင်ခန်းစာတခု ယူပြီးတော့ အလေ့အကျင့်လုပ်ရင် ကျနော်တို့ လူမျိုးတွေဟာ ကျန်းမာရေးအသိရှိတဲ့ လူမျိုးပါလားလို့ သူများတွေ ချီးကျူးတာ ခံရနိုင်ပါတယ်ခင်ဗျ။

ဒေါ်ခင်မျိုးသက်။ ။ အများကြီးကျေးဇူးတင်ပါတယ်ဆရာ ။

Comments

Popular posts from this blog

က်န္းမာျခင္းသည္ လာဘ္တပါး

Furamin BC သံဓါတ္အားေဆး