Armpit Boil ကနာ သို့မဟုတ် ဆိုရှယ်မီဒီယာ ဆေးနည်းပေးရန်မရှိပါ

ကွန်မင့်တခုရတယ်။ ရန်ကုန်ဖက်မှာ လုပ်ရမှာ ကို လုပ်ကမှာ လို့ပြောကြတယ်ဆရာခင်ဗျ။ အပြောကို အရေးမှာပါ သုံးလာကြတာ လွဲမှားနေပြီလို့ပြောရမလားခင်ဗျ တဲ့။ အဲတာကို နောက်ကွန်မင့်တခု ပြန်ရေးတယ်။ အပြောနဲ့အရေး၊ အရေးနဲ့အပြော ညှပ်ညှပ်ပြီးပြောကြ၊ ရေးကြတာ ဆိုရှယ်မီဒီယာမှာ ရှောင်လို့မရပါဘူးတဲ့။

1. ကျွန်မအသက် ၄၃ နှစ်ပါ နားဖြစ်တာ အပျိုထဲက ဖြစ်နေတာပါဆရာ ကြာလဲကြာနေပြီဆရာ အိမ်ထောင်ရှိပါတယ် ကလေးတယောက်ရှိပါတယ်ဆရာ အခုကျွန်မနားက အသံတိုးရင် မကြားကပါဘူးဆရာ ကျွန်မနားကို ဘယ်လိုလုပ်ကမှန်းမသိလို့ ဆရာရှိရိုသေစွာမေးကြည့်တာပါဆရာ ဆေးခန်းတွေပြတော့ နားစည်ပေါက်နေတယ် ပြောတယ်ဆရာ ကျွန်မနားက နှစ်ဖက်လုံး သိပ်မကြားရဘူးဆရာ ကျွန်မကို ဘယ်လိုလုပ်ကမလဲ ပြောပြပေးပါဆရာ
2. ဆရာ သမီးရန်ကုန် ssc မှာပြပါတယ် ကလေးလိုချင်လို့ နယ်ကနေလာပြတာပါဆရာ ကားမူးတက်ပါတယ် ဆရာမကြီးက ကိုယ်ဝန်ရှိတယ်ဆို သူဆီအမြန်လာပြဖို့ပြောပါတယ် သမီးက ကားမူးတာ သူများထက် ဆိုးတယ်ဆရာ ကလေးကလဲ ပျက်ဖူးတော့ ကားမူးတဲ့အရှိန်နဲ့ ပျက်မှာဆိုးမိတယ်ဆရာ သမီးတို့နယ်မှာတော့ စနေနေ့ Og တွေလာပါတယ် သမီး နားမလည်တာက ကိုယ်ဝန်ခိုင်ဆေးတွေက အတူတူပဲလာဆရာ ရန်ကုန်က ပေါမောက္ခတွေဆိုတော့ ပိုပြီး ဆေးကောင်း ရှိတာလာ သိချင်မိတယ် ကလေးက ၂ခါပျက်ဖူးထာလို့ပါဆရာ သမီးဘယ်လိုလုပ်ကမလဲ အကြံဥာဏ်လေး ပေးပါဆရာ
3. မင်္ဂလာပါဆရာရှင် ကျွန်မစကားအမှားပါရင် ခွင့်လွတ်ပေးပါဆရာ ကျွန်မနားက နားပြည်ယိုလိုက် သွေးထွက်လိုက် ဖြစ်ပါတယ် ဆရာဝန်နဲ့ပြတော့ နားစည်ပေါက်တယ် ပြောပါတယ်ဆရာ ကျွန်မအခုနားက အသံတိုးရင် ဘာမှ မကြားရဘူးဆရာ အဲဒါကျွန်မ ဘယ်မှာဆေးကုပြကမလဲဆရာ ဆရာရဲ့ ဆေးခန်းနဲ့ ထိုင်တဲ့အချိန်နဲ့ ဆေးခန်းကို ပြောပြပေးပါလားဆရာ ကျေးဇူးတင်ပါတယ်ဆရာ
4. ယားလို့ပွတ်လိုက်မိတာ အခုစပ်ဖျင်းဖျင်းနဲ့ခံစားနေကလို့ ကြာပြီ ဘာဆေးလုပ်ကမလဲ အသက်က ၂၄ပါ အိမ်ထောင်သည်ပါ
5. ရကောက်နေရာမှာ ကကြီးထည့်သုံးကြတယ်ဆရာ။ ကျောင်းကဆရာမများ ကိုယ်တိုင်က သုံးနေကြတာပါ။ ဥပမာ အိမ်စာတွေ မလုပ်ကသေးရင် မနက်ဖြန်အပြီးလုပ်ထားနော် ဆိုတာမျိုးပါဆရာ။
6. သင်္ကြန်လည်း နီးပြီဆရာ ဘယ်လိုလုပ်ကမလဲတဲ့။
7. သမီးအသက်က ၂၃ ရှိပြီးဖြစ်ပါတယ်ရှင့်။ နားနဲ့မနာ ဖဝါးနဲ့သာနာပါ ဆရာရှင့် ဗဟိုအမျိုးသမီးဆေးရုံကို သွားပြဖြစ်ပါတယ် ဆေးပေးလိုက်ပါတယ်ရှင် ကိုယ်ဝန်စစ်ပေမယ့် ကိုယ်ဝန်လဲ မရှိဘူးလို့ ပြောပါတယ် ဆေးတွေသောက်ပေမယ့် မသက်သာပဲ သွေးတွေ ပိုပိုပြီး ဆင်းလာပါတယ် ဆရာရှင့်။ ဆေးခန်းထပ်ပြတော့လည်း မသက်သာပဲ သွေးတွေက ပိုပိုဆင်းလာပါတယ် သမီးဘာဆက်လုပ်ကမလဲ ဆရာရှင့်

ချိုင်းမှာ ပြည်တည်နာ ပေါက်ရင် ကိန္နရာနာလို့ ခေါ်တယ်။ တချို့က ကနာလို့ခေါ်တယ်။

အထက်ကမေးခွန်းတွေဟာ ဆိုရှယ်မီဒီယာမှာ ရေးကြတာတွေ မဟုတ်ပါ။ လိုအပ်လို့ ဆရာဝန်ဆီကို ရေးကြတာတွေ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်က ကနာတွေအတွက် ဆေးနည်းပေးရန်မရှိပါ။

Abscess ကိန္နရာနာ နှင့် ခူနာ  https://doctortintswe.blogspot.com/2015/02/abscess.html

ဒေါက်တာတင့်ဆွေ
၁၀-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး