မူကွဲသတ်ပုံ သို့မဟုတ် စစ်မိန့်ရဲမိန့်ပေးသလို စာသင်ခိုင်းခြင်း

ဓါးက အမှန်လား ဒါမှမဟုတ် ဒါးကအမှန်လား ဆိုတာပြောပြပေးပါ

မူကွဲဖြစ်ကြောင်း အကြိမ်များစွာ တင်ပြထားပြီး။ မြန်မာစာမှာ မူကွဲစာလုံးတွေရှိတယ်။ မူကွဲမရှိစေရဆိုပြီး စစ်မိန့် ရဲမိန့် ပေးသလိုလုပ်တာ မှားတယ်။ မလုပ်သင့်။ မူကွဲဆိုတာ နှစ်မျိုးလုံး သုံးနိုင်တာမျိုးကိုခေါ်တယ်။

သမတ နဲ့ သမ္မတ၊
ပဌမ နဲ့ ပထမ၊
ဒါး နဲ့ ဓါး
မုံ့ နဲ့ မုန့်၊
ကစွန်း နဲ့ ကန်စွန်း၊
ငပိ နဲ့ ငါးပိ၊
ယက္ကန်း နဲ့
ရက်ကန်း နဲ့
မြမ္မာ နဲ့ မြန်မာ
ကျမ္မာ နဲ့ ကျန်းမာ
လက်ဖက် နဲ့ လ္ဘက်
တရုပ် နဲ့ တရုတ်

မူကွဲတွေ အများကြီးရှိတယ်။ တခါတရံ ကို စသတ်ခိုင်းတာ မူကွဲမဟုတ်ပါ။ ပလီတာ။

မင်းဆွေစာအုပ် မူလထုတ်မှာ ဒါး။ နဝတ ခေတ်မှာ ပြန်ထုတ်တော့ ဓါးလို့ရေးမှသာ ထုတ်ဝေခွင့်ပေးတယ်။ တထောင်တည နဲ့ တသက်တာမှတ်တမ်းစာအုပ်တွေကိုလည် စသတ်မှသာ ထုတ်ဝေခွင့်ပေးတယ်။ အဲတာပဲ အမှန်ထင်နေကြတယ်။ မှားလေစွ။

အမှားလမ်းပေါ်မှာကြီးပြင်းလာသူတွေက ဆရာကြီးတွေဖြစ်နေတဲ့ခေတ်မှာ မြန်မာစာအသွားတုံးနေပြီ။

ခွဲစိတ်ဒါး နှင့် ကလောင်ဓား https://doctortintswe.blogspot.com/2017/08/blog-post_58.html

ဒေါက်တာတင့်ဆွေ
၇-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး