ဘိုသံ အင်္ဂလိပ်စာလုံး နှင့် ဗမာသံ မြန်မာစာလုံး

၁။ လူအမည်ရေးတဲ့အခါ စ နဲ့ ဆ ကို S နဲ့ရေးကြတယ်။ တချို့ (ဆ) ကို Hs နဲ့ရေးကြတယ်။ ဥပမာ ဆန်း = San ဆန်း = Hsan အဲ့နှစ်မျိုးထဲက ဘယ်ဟာ အမှန်ယူရမလဲဆိုတာ ကျေးဇူးပြုပြီးပြောပေးပါခင်ဗျာ။

၂။ Spoken English နှင့်ပတ်သက်ပြီးလည်း တင်ပေးပါလား။ လေ့လာချင်လို့ပါ။ နေရတာကတောမှာ သင်ဖို့အခွင့်လမ်းက နည်းတယ်လေ။

၃။ အင်္ဂလိပ်အသံထွက်တွေ ရေးတဲ့အခါမှာလည်း၊ ဂိုဏ်း ၂ ဂိုဏ်းကွဲပါသေးတယ်။ ဥပမာ real ကို ရီးရဲ(လ်) နဲ့ ရီးရဲ(လ) အသတ်ထည့်သူ၊ မထည့်သူ ဆိုပြီးတော့ တဲ့။

၎။ ဆရာ အိန္ဒိယန်းတွေတော့ အင်္ဂလိပ်စာသိပ်ကောင်းတယ်ဗျာ။ ဗြီတိသျှကပေးခဲ့တဲ့ အမွေထဲမှာသူတို့ တန်အောင် အသုံးချပြလိုက်ပါပြီ တဲ့။

၅။ အင်္ဂလိတ်နဲ့ အင်္ဂလိပ် ဘယ်သတ်ပုံက အမှန်ပါလဲ ဆရာ။

ယုဒသန်က အင်းဂလိတ်၊ အစဉ်အဆက် အင်္ဂလိပ်။ အင်းဂလိခ်ျလို့ ရေးပြန်ရင်လည်း အဆင်မပြေလောက်ပါ။ ဘာသာခြား စကားလုံးတွေကို ကိုယ့်ဘာသာစကားနဲ့ အသံထွက်တာ အတိအကျ ရခဲတယ်။ နီးစပ်တာယူရတယ်။ အသံထွက်တွေ မှားနေခဲ့တာတွေ များတယ်။ နှုတ်ကျိုးနေတာတွေကို ပြန်ပြင်ရခက်တယ်။ လအမည်တွေ၊ လူအမည်တွေ မှားနေကြတယ်။ ယုဒသန်လို့သာ ရေးနေကြတာ အမှန်က ဂျတ်ဆန်။ အဲတာကို ယုဒဿန်လို့ အရေးခိုင်းသူကရှိသေး။ ဘော်လုံး၊ ဘောလုံး၊ ဘော့လုံး အမျိုးမျိုးရေးကြတယ်။ ဘောလ်က နီးစပ်တယ်။ အဲတာသာမှန်တယ်လို့ မပြောအပ်ပါ။

ဆွန်ယက်ဆင်လို့ရေးတာကို ဟိုဆေး မဟုတ်ဘူးလားလို့ ထောက်ပြတာ မှန်တယ်။ ဒါပေမဲ့ ဟိုအရင်က ဂျိုဆေးလို့ စာအုပ် ဖတ်ခဲ့ရတယ်။ José က စပိန်စကားလုံးဖြစ်တယ်။ ပြင်သစ်အသံ၊ ပေါ်တူကီအသံထွက်တွေလည်း နည်းနည်းစီ ကွဲပြားတယ်။ စပိန်က ဖိလစ်ပိုင်ကို ကိုလိုနီပြုခဲ့တဲ့နိုင်ငံ။
How to Pronounce Jose in Spanish https://www.youtube.com/watch?v=bIFX3WqwXro

Ultrasound အာထွာဆောင်းက မှန်တယ်။ အာထွာစောင်း မမှန်ပါ။
အာထွာဆောင်းအသံထွက် How to Pronounce Ultrasounds https://www.youtube.com/watch?v=S7yxivwZGBA

ဆေးပညာမှာ ရောဂါအမည်အသံထွက် မှားနေတာတွေရှိတယ်။ ဟိုအရင်က အင်္ဂလိပ်စာသင်ကြားရေးစာအုပ်တွေမှာ အသံထွက်ကိုပါ မြန်မာစာလုံးနဲ့ ထည့်ရေးကြတယ်။ မမှန်တာ များတယ်။

ဗြိတိသျှ-အင်္ဂလိပ်ဖြစ်ဖြစ် အမေရိကန်-အင်္ဂလိပ်ဖြစ်ဖြစ် အစစ်ကိုသာယူသင့်တယ်။ အိန္ဒိယ-အင်္ဂလိပ်၊ မြန်မာ-အင်္ဂလိပ် ကပြားတွေကို မယူသင့်ပါ။ အိန္ဒိယန်းတွေက R သံကို ပီပီသသထွက်တယ်။ မြန်မားရ်။ ဒေါက်တာဆိုရင်လည်း ဒေါက်တားရ်လို့ ထွက်တယ်။ Myanmar ကို မှန်အောင်မထွက်နိုင်ကြပါ။ မိုင်အင်မာလို့ အနီးစပ်ဆုံးထွက်တယ်။ Nayphitaw နဲ့ Nayphidaw ဘယ်ဟာမှန်သလဲ။

မြန်မာ-အင်္ဂလိပ် အသံထွက်ထုံးရှိခဲ့တယ်။ က ကနေ အ အထိ၊ အရစ်တွေပါရင် ဘယ်လို၊ အောက်မြစ်တွေပါရင်ဘယ်လို စသည်။ Ma မ၊ Mya မြ Ka က၊ Kha ခ၊ Hla လှ၊ စသည်။
A ကို အေ နဲ့ အေး နှစ်မျိုးလုံး အသံထွက်ဆင်တယ်။ အဲတာကို Aye လို့ရေးနေကြရတယ်။
No ဆိုတာနဲ့ နိုးသံထွက်တာကို e ထည့်တော့ အင်္ဂလိပ်တွေက နိုးအီး လို့ထွက်တယ်။
Mya မြ ကို မိုင်အာ (မိုင်ယာ) သံထွက်တယ်။
Taya တာရာ ကို တေယာလို့ခေါ်ကြတယ်။
Swe အသံ မှန်အောင် မထွက်ကြပါ။

မိခင်စကားသံကို စွဲပြီးသူတိုင်း ဘာသာခြားစကားကို ပီသအောင် မထွက်နိုင်ကြပါ။ မြန်မာပြည်ကကလေးတွေ ဒီမှာ အမေရိကန်အင်္ဂလိပ်အသံထွက်တို အတိအကျထွက်နိုင်ကြတယ်။ အိမ်မှာ မြန်မာလိုပြောတော့ မြန်မာသံ မပီသကြပါ။ မိဘတွေ အင်္ဂလိပ်စာတတ်လည်း အမေရိကန်အင်္ဂလိပ်အသံထွက်မှာ ပီသအောင် မထွက်နိုင်ကြပါ။

ဘုန်းကြီးကျောင်းသားတွေ အင်္ဂလိပ်စာကို အသံထွက်ပြီးအော်ဖတ်နေကြတယ်။ Do you eat fowl curry? မြန်မာလို အသံထွက်ပါ စာနဲ့ရေးပေးထားတယ်။ ဒူးယူ - အိ(တ) - ဖေါင်း(လ) - ကာရီ။ အဲတာကို ဘုန်းကြီးကကြားတယ်။ ကြာတော့ ဆရာတော်ကမနေနိုင်လို့ ပေးစမ်း မင်းတို့စာအုပ်ဆိုပြီး ဖတ်ကြည့်တယ်။ အသံထွက်မှန်နဲ့ ဖတ်ပြလိုက်တယ်။ တရားဟောသလို အသံအနိမ့်အမြင့်နဲ့။ ဒူးယူ အိတ ဖေါင်းလ ကာရီ တဲ့။ အသံဖိုင် မထည့်တော့ပါ။ Smile!

ဒေါက်တာတင့်ဆွေ
၂-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး