ငပိနှင့်တူသော စာအုပ်များ

စာအုပ်တွေ ထပ်ရောက်လာတယ်။ စာအုပ်ဟောင်းတွေ။ ကျွန်တော့်အတွက်တော့ အလွန်အဖိုးတန်တယ်။

ခေတ်သတ်ပုံခေါ် ပေါ်လစီသတ်ပုံကိုသာ ကိုးကွယ်သူတွေကတော့ ဒီလိုစာအုပ်တွေကို ဖုတ်လေတဲ့ငပိ သဘောထားကြတော့တယ်။

ခုခေတ်တချို့ငပိတွေမှာ အာဆဲနစ်ဓါတ်တွေပါတယ်။ မြန်မာစာမှာလည်း ဆိုးဆေးတွေပါနေတယ်။ အတော်များများက အဲဒါကိုသာ သဘောကျကြတယ်။

ကျွန်တော်ကတော့ ငယ်ငယ်လေးကတည်းက အမေချက်ကျွေးတဲ့ ငပိစစ်စစ်ပါတဲ့ဟင်းကို အခုထိကြိုက်တယ်။

ဒေါက်တာတင့်ဆွေ
၁၃-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး