မြန်မာစာမှာ ဒ် ရှိပါတယ်

ကွန်မင့်တခုရတယ်။ ကျေးဇူး။ မင်္ဂလာပါ ဆရာ မြန်မာစာမှာ (ဒ်) အသတ်မရှိဘူးလို့ (လိပ်စာကဒ်လို့ ရေးမိစဉ်က ) မိတ်ဆွေတယောက်က ပြောပြတာ မှတ်မိနေပါတယ်။ ဒေါင်းလုဒ်အသုံးဖတ်မိလို့ သေချာသိလိုပါတယ်ခင်ဗျာ။ ကျေးဇူးပါခင်ဗျာ တဲ့။

မြန်မာစာမှာ (ဒ်) ရှိပါတယ်။
ဇနပုဒ်
နိပါတ်ပုဒ်
ပါဒ်ဗီဇနာ
ပုဒ်ခွဲ
ပုဒ်ငယ်
ပုဒ်စပ်
ပုဒ်ထီး
ပုဒ်ဖွင့်ပါဌ်ဖွင့်
ပုဒ်ကြီး
ပုဒ်မ (မြန်မာစာရေးထုံး)
ပုဒ်မ (ဥပဒေသုံး)
ပုဒ်ဖြတ်
ပိုဒ်စုံရတု
ရလဒ် (သင်္ချာသုံး)
သဒ္ဒါကျမ်း
သဒ္ဒါရုံ
သဒ္ဒဗေဒ
သဒ္ဓါတရား
သိက္ခာပုဒ်
သိဒ္ဓိတင်
ဣဒ္မိပါဒ်
ဥပဒ်ဘေး
ဥပသာရပုဒ်
ဥပါဒ်ဌီဘင်
ဘေးဥပဒ်

မြန်မာစာကို ပိုပြီးစည်ပင်ကြွယ်ဝအောင် ပါဠိတွေပါ ထည့်သုံးခဲ့တယ်။ နောက်ပိုင်းမှာ အင်္ဂလိပ်ဘာသာထဲက စာလုံးတွေပါ ပါလာတယ်။ အိန္ဒိယ၊ ဂရိ၊ စပိန်၊ ပြင်သစ် စတဲ့ တခြားဘာသာစကားတွေလည်းပါလာတယ်။ စာလုံးသစ်တွေကို အသံထွက်နီးစပ်တာ ယူကြရလို့ အသတ်မျိုးစုံ သုံးရပါတယ်။

ဒေါက်တာတင့်ဆွေ
၉-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး