ခေတ်ပေါ်စာရေးနည်း

အမှားထောက်ပြရင် မက်စင်ဂျာစာရေးနည်းတဲ့။ သိပါတယ် အမြန်ရေးတာတဲ့။

ပတ်သက်ကို ပက်သက်လို့ရေးမှာ မက်စင်ဂျာစာရေးနည်း မဟုတ်ပါ။ အချိန်မရှိလို့ မဟုတ်ပါ။
သားအိမ်ထုတ်ကို ထုပ်လို့ရေးတာ မက်စင်ဂျာစာရေးနည်း မဟုတ်ပါ။ အချိန်မရှိလို့ မဟုတ်ပါ။
ဆီးကို စီးလို့ရေးတာ မက်စင်ဂျာစာရေးနည်း မဟုတ်ပါ။ အချိန်မရှိလို့ မဟုတ်ပါ။
နောက်မှာကို အနောက်မှာလို့ရေးတာ မက်စင်ဂျာစာရေးနည်း မဟုတ်ပါ။ အချိန်မရှိလို့ မဟုတ်ပါ။
မလုပ်တတ်ကို မလုပ်တက်လို့ရေးတာ မက်စင်ဂျာစာရေးနည်း မဟုတ်ပါ။ အချိန်မရှိလို့ မဟုတ်ပါ။
တခါတရံကို မှန်အောင်မရေးတတ်တာ မက်စင်ဂျာစာရေးနည်း မဟုတ်ပါ။ အချိန်မရှိလို့ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၁၀-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး