မြန်မာစာက ကရိုနာနဲ့တူတယ်

ကွန်မင့်တခုရတယ်။ ကျေးဇူး။ လူကို ဆေးကုရတာထက် စာပေကို ကုသရတာပိုခက်နေပြီလား တဲ့။

အမှန်ပဲ။ ပိုခက်တယ်။ မဖြစ်နိုင်သလောက်ထိ ခက်တယ်။

ကင်ဆာကုသရာတာထက် ခက်တယ်။ ဖွဲ့စည်းပုံပြင်ရထာထက်လည်း ခက်တယ်။

တချို့ကင်ဆာတွေကို စောစောသိပြီး စနစ်တကျကုသရင် ပျောက်နိုင်ပြီ။ HIV ဆေးသောက်နေရင် AIDS ထိ မဖြစ်နိုင်။

ဖွဲ့စည်းပုံကို မပြင်ချင်တာ စစ်တပ်နဲ့ ပြည်ခိုင်ဖြိုးသာရှိတယ်။ မြန်မာစာကို အမှန်မရေးတတ်သူနဲ့ မရေးချင်သူတွေထဲမှာ ပင်နီရော၊ ခြင်္သေ့ရော ဒေါင်းရောပါတယ်။ ဒေါင်းဆိုတာလည်း ကဒေါင်းရော ခွပ်ဒေါင်းရော။ ၇၅% ထက် အများကြီး ကျော်တယ်။

မြန်မာစာက ကရိုနာနဲ့တူတယ်။ ဒါပေမဲ ကိုယ့်တနိုင်ငံထဲမှာသာ ကူးစက်တယ်။ အသေအပျောက် မရှိပါ။ သတ်ပုံမှားလို့ စာမေးပွဲကျတာ မရှိ။ ရာထူးချတာ မရှိ။ ပေါ်လစီသတ်ပုံနဲ့ရေးရင် စာမေးပွဲအောင်တယ်။ ရာထူးတက်တယ်။ စာပေဆုရတယ်။

ဒေါက်တာတင့်ဆွေ
၁၀-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး