ဘီအေ ဆိတ်သားကင်

ကွန်မင့်တခုရတယ်။ ကျေးဇူး။ ဘွဲ့ရတိုင်းလည်း စာမတတ်ပါ။ စာလုံးပေါင်း မှားသူအများစုက ဘွဲ့ရတွေပါ။ မှားနေတာကို မှားမှန်းမသိတာလား။ အလေးမထားတာလား။ ရေးချင်သလို ရေးနေကြတာ စိတ်မသက်သာစရာ တဲ့။

ကျွန်တော်တို့ အထက်တန်းကျောင်းသားခေတ်မှာ ဘွဲ့ရဆိုတာ ရှားတယ်။ ဘီအေဘွဲ့ရတဲ့သူတွေကို မော်ကြည့်ရတယ်။ ဘီအက်စီဘွဲ့ရသူတွေက အထူးအဆန်းတွေ။ ကျောင်းတိုင်းမှာ သိပ္ပံဘာသာတွဲသင်ပေးနိုင်တဲ့ဆရာ မရှိခဲ့ပါ။

ဘီအေစာလုံးကို အထူးနှစ်သက်ကြလို့ အမည်ပေးတာတွေရှိတယ်။ ဘီအေဆံထုံး၊ ဘီအေမ ဝတ္ထုလား ရုပ်ရှင်လားရှိတယ်။

တဖြည်းဖြည်းနဲ့ ရှားတာတွေက များများလာတယ်။ ကျွန်တော်တို့ကောလိပ်ရောက်တော့ မြန်မာစာ၊ ပါဠိ၊ ပထဝီ၊ သမိုင်း မေဂျာတွေ အချင်းချင်းစကြ နောက်ကြတယ်။ ဘီအေ ဆိတ်သားကင်တဲ့။ ဘွဲ့ရလည်း အလုပ်ကရှားလို့ ဈေးရောင်းကြရတယ်။

ဘွဲ့ရတွေ တဖြည်းဖြည်းနဲ့ ပေါပေါလာတယ်။ ကနေ့ခေတ်မှာ ပါမောက္ခတွေအရေအတွက်က ဟိုတုန်းက ဘီအေဘွဲ့ရသူထက် များတယ်။ များလို့ကောင်းတာလည်း ရှိပါတယ်။ အမှားများတာတော့ မကောင်းပါ။ ဆိတ်သားကင် ကောင်းတယ်။

ဒေါက်တာတင့်ဆွေ
၁၀-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး